မနှစ်ကခြေစွမ်းမျိုးပဲ ပြန်မြင်နေရဆဲ ယူနိုက်တက်

မန်ယူနိုက်တက်ကတော့ ပရီးမီယားလိဂ်အဖွင့်ပွဲ အိမ်ကွင်းအိုးထရက်ဖို့မှာ ဝုဗ်ဗာဟမ်တန်ကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ခက်ခက်ခဲခဲအနိုင်ယူခဲ့ရပါတယ်။

ပွဲပြီးဆုံးဖို့ နောက်ဆုံးမိနစ်ပင်နယ်တီပေးနိုင်ဖို့ နီးစပ်ခဲ့ပြီး ပထမပိုင်းမှာ ဝုဗ်နောက်တန်းရဲ့လက်ထိဘောကနေ ပင်နယ်တီရနိုင်တဲ့အခွင့်ရေးကိုမပေးခဲ့တာကြောင့် ဒီတစ်လုံးလည်း လျှော်လိုက်တယ်လို့မြင်ပါတယ်။ ပထမပိုင်းမှာလည်း ဂါနာချိုဘက်က လုံးဝအသေကြီးဖြစ်နေခဲ့ပါတယ်။ တစ်သင်းလုံး တစ်ပွဲလုံးခြုံရင်တောင် ဘောလုံးအပေးအယူတွေက 60%လောက် အပြတ်များခဲ့ပါတယ်။ ဒီပွဲမှာ အဓိကချီးကျူးရမှာတော့ ဂိုးသမားသစ် အိုနာနာပါပဲ ဂိုးပေါက်ကာကွယ်မှုအပြည့်ဝလုပ်နိုင်ခဲ့သလို long space တွေမှာလည်း တိကျခဲ့ပြီး ဂါနာချိုကောင်းကောင်းအသုံးမချနိုင်ခဲ့လို့သာ အချည်းနှီးဖြစ်ခဲ့ရတာပါ။

ညာတောင်ပံမှာ အန်တိုနီနဲ့အပြိုင် နေရာလုနိုင်မယ့်ကစားသမားမျိုး လိုအပ်နေပါသေးတယ်။ မဟုတ်ရင်တော့ ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်ရော ပွဲတိုင်းက အခက်ခဲနေပါလိမ့်မယ်။ ကဲ ယူနိုက်တက်ဖန်တို့လဲ နောက်ထပ်စောင့်မျှော်ရမှာက ဒဏ်ရာရကစားသမားတွေ အမြန်ဆုံးပြန်လာနိုင်ဖို့နဲ့ နောက်ထပ်ကစားသမားသစ် ၂ဦးလောက်ထပ်ရောက်ဖို့ပဲ မျှော်လင့်ရတော့မှာပါပဲ။ ဒါမှသာ ပွဲစဉ်တိုင်းကို အသင်းတိုင်းနဲ့ အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်မှာဖြစ်ပါတယ်။

အနိုင်ဂိုးကိုတော့ နောက်တန်းခံစစ်မှူး ဗာရန်းက ၇၆ မိနစ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။