FIFAမှရွေးချယ်ချီးမြှင့်မည့် အကောင်းဆုံးနည်းပြနှင့်ကစားသမားဆန်ခါတင်စာရင်း

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ရွေးချယ်ချီးမြှင့်မည့် The Best ဆုအတွက် ဆန်ခါတင်စာရင်းများကို ထုတ်ပြန်ခဲ့ရာ အကောင်းဆုံးအမျိုးသားဘောလုံးသမားဆုအတွက် ဆန်ခါတင်(၁၂)ဦးစာရင်းတွင် အယ်လ်ဗာရက်ဇ်၊ ဘရိုဇိုဗစ်၊ ဒီဘရိုင်းနား၊ ဂွန်ဒိုဂန်၊ ဟော်လန်း၊ ရိုဒရီ၊ ခွာရတ်စကယ်လီယာ၊ ဘာပေ၊ မက်ဆီ၊ အိုဆင်မန်၊ ဒက်ကလန်ရိုက်စ်၊ ဘာနာဒိုဆေးလ်ဗားတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ရွေးချယ်ချီးမြှင့်မည့် The Best ဆုအတွက် ဆန်ခါတင်စာရင်းများကို ထုတ်ပြန်ခဲ့ရာ အကောင်းဆုံးအမျိုးသားနည်းပြဆုအတွက် ဆန်ခါတင်(၅)ဦးစာရင်းတွင် ဂွါဒီယိုလာ၊ အင်ဇာဂီ၊ ပိုစတီကိုဂလူး၊ စပယ်လက်တီနှင့် ဇာဗီတို့ ပါဝင်ခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ရွေးချယ်ချီးမြှင့်မည့် The Best ဆုအတွက် ဆန်ခါတင်စာရင်းများကို ထုတ်ပြန်ခဲ့ရာ အကောင်းဆုံးအမျိုးသမီးကစားသမားဆုအတွက် ဆန်ခါတင်(၁၆)ဦးစာရင်းတွင် ဘွန်မာတီ၊ လင်ဒါကိုင်စီဒို၊ ရေချယ်ဒါလီ၊ ဒီယာနီ၊ ကေတလင်ဖို့ဒ်၊ မယ်ရီဖောင်လာ၊ အဲလက်စ်ဂရင်းဝုဒ်၊ ဟာမိုဆို၊ ဟိုရန်၊ အီလက်စတက်ဒ်၊ လော်ရန်ဂျိမ်းစ်၊ ဆမ်ခါး၊ မာပီလီယွန်၊ မီယာဇာဝါ၊ ပါရယ်လွီလိုနှင့် ကီယာရာဝပ်ရှ်တို့ ပါဝင်ခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)မှ ရွေးချယ်ချီးမြှင့်မည့် The Best ဆုအတွက် ဆန်ခါတင်စာရင်းများကို ထုတ်ပြန်ခဲ့ရာ အကောင်းဆုံးအမျိုးသမီးနည်းပြဆုအတွက် ဆန်ခါတင်(၅)ဦးစာရင်းတွင် ပီတာဂျာဟတ်ဆန်(ဆွီဒင်)၊ ဂျိုနသန်ဂီရယ်ဒက်ဇ်(ဘာစီလိုနာ)၊ ဂူစတပ်ဗ်ဆန်(သြစတြေးလျ)၊ အမ်မာဟေးယက်စ်(ချယ်လ်ဆီး)နှင့် ဆရီနာဗီမန်း(အင်္ဂလန်)တို့ ပါဝင်ခဲ့သည်။