အမြန်လမ်း ၁၆၂ မိုင်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးသေတယ်ဆိုပြီး Khit Thit မှ သတင်းအတုရေး

စက်တင်ဘာလ ၉ ရက်နေ့ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အမြန်လမ်း ၁၆၂ မိုင်ရှိ ဆိတ်ဖူးတောင် အထိုင်ချစခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်တပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ စက်တင်ဘာလ ၉ ရက်နေ့ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အမြန်လမ်း ၁၆၂ မိုင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ Khit Thit မှ လူအထင်ကြီးအောင် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုတမင်အပုတ်ချကာ တပ်ဖွဲ့ဝင် ၁၅ ဦးသေတယ်လို့ လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။ လုပ်ကြံရေးတာတောင်မီဒီညာချင်းမညှိနှိုင်းပဲ Mizzimaက စက်တင်ဘာ ၈ ရက်နေ့ဆိုပြီး လုပ်ကြံရေးသားထားပါတယ်။