AAတပ်ဖွဲ့၀င်များပစ်ခတ်သည့် လက်နက်ကြီးကျည် သရက်ကင်းမနူးရွာထဲ့သို့ကျရောက်၍ ပြည်သူ၁ဦးသေဆုံး

နိုဝင်ဘာ ၅ ရက်နေ့ နေ့လည်၁၁နာရီလောက်က ဘူးသီးတောင်မြို့မြောက်ဘက်ခြမ်း သရက်ကင်းမနူးကျေးရွာအတွင်းသို့ လက်နက်ကြီး ရှော့တိုက်ဒုံး များကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။၁၁နာရီမှာစတင်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး ၊အဲ့နောက်၁၁နာရီ ၁၅မိနစ်မှာနောက်ထက်ရှော့တိုက်ဒုံးတစ်လုံး၊၁၁နာရီ၂၅မိနစ်မှာနောက်ထက်ရှော့တိုက်ဒုံးတစ်လုံး စုစုပေါင်း ၃လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ရွာသားအချို့ကမေယု၀တီကို ပြောပါတယ်။

ရွာသားတစ်ချို့​ပြောပြချက်အရ AAတပ်ဖွဲ့ဝင်တွေက ဘူးသီးတောင် တပ်မကိုလာပစ်တာမထိပဲသူတို့ရွာထဲကိုကျော်ကျလာတာဖြစ်တယ်လို့သိရပါတယ်။

ကျတာကတော့စာသင်​ကျောင်နားမှာတစ်နေရာ၊ရွာအလယ်မှာတစ်နေရာနဲ့လယ်ကွင်းထဲမှာတစ်နေရာစုစုပေါင်းသုံးနေရာကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ထိုရှော့တိုက်ဒုံးပစ်ခတ်မှုကြောင့်သရက်ကင်းမနူးကျေးရွာသား ကျောင်းဆရာတစ်ဦးဖြစ်တဲ့ အဘူနာစော(အစ္စလမ်ဘာသာဝင်) အသက်(၅၀)ဝန်းကျင်ခန့်ရှိသူတစ်ဦးသေဆုံးခဲ့ပြီး ကျန်ရွာသား ၃ဦးနဲ့ ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မေယုဝတီမှသတင်း ရရှိပါတယ်။

#KK