မတ်လ ၉ ရက်နေ့တိုက်ပွဲသတင်းများ

ကချင်ပြည်နယ်။….။

-မိုးမောက်မြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့နယ်များရှိ ကုန်းနှော၊ တာဆိုင်း၊ နွယ်လန်းရှိ လုံခြုံရေးတပ်စခန်းများအား KIA အဖွဲ့မှ အဝေးမှ ရှော့တိုက်ဒုံး၊ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့။

-လိုင်ဇာမြို့အား စိုးမိုးထိန်းချုပ်ထားသည့် ပွိုင့် ၁၀၁၂ နှင့် ပွိုင့် ၇၇၁ စခန်းကုန်းများရှိ လုံခြုံရေးစခန်းများအား KIA အဖွဲ့မှ မတ်လ ၉ ရက်နေ့ မနက်မှ ညနေပိုင်းအထိ အင်အား အလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်လျက်ရှိရာ လေကြောင်းပစ်ကူရယူပြီး ခုခံတိုက်ခိုက်ခဲ့သဖြင့် KIA စခန်းကုန်းများအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အကျအဆုံးများစွာရှိပြီး ကျဆုံး၊ ဒဏ်ရာ ရသူများအား 4Wheel ကားများဖြင့် လိုင်ဇာဘက်သို့ သယ်ယူပို့ဆောင်လျက်ရှိ။

ဆွမ်ပရာဘွမ်စခန်းအနီး KIAနှင့် အကြမ်းဖက်ပူးပေါင်း ၄၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ အကြမ်းဖက် ၁ လောင်း၊ ကေအေ(၂၅) ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၀ တောင့် သိမ်းဆည်းရမိခဲ့။
မိမိစစ်သည် ၂ ဦး ဒဏ်ရာရ။

ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ရွှေညောင်ပင်ရွာ၏ မြောက်ဘက်သို့ အရောက် KIAနှင့် PDF ပူးပေါင်း ၁၀ ဦးခန့်က လက်နက်ကြီး/ငယ် ၊ Drop Bomb များဖြင့် ၃ ကြိမ်၊ ရန်သူအင်အား ၇၀ ဦးခန့်က လက်နက်ကြီး/ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။ KIA ၁ လောင်း၊ ကေ(၂၅) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅ တောင့် သိမ်းဆည်းရမိခဲ့။

ကယားပြည်နယ်

ဖားဆောင်းမြို့နယ် သံလွင်တံတားအနောက်ဘက်ခြမ်းနှင့် ပူးပေါင်းဂိတ်စစ်ဆေးရေးဂိတ်နေရာများ၌ ဖြန့်ခွဲအခြေပြုနေစဉ် KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား ၁၇၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့။

ဖားဆောင်းမြို့နယ် ထူးချောင်းကာကင်းစခန်းသို့ KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား ၃၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့။

ကရင်ပြည်နယ်

သင်္ကန်းညီနောင် နယ်မြေရဲစခန်းသို့ နေရာ ၃ နေရာမှ KNLA တပ်မဟာ ၆ နှင့် PDF ပူးပေါင်းအင်အား ၈၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက် ခဲ့ပြီး စဗခ(သင်္ကန်းညီနောသ်) သို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိပူးပေါင်းခဲ့။

စစ်ကိုင်းတိုင်း ကနီမြို့နယ် ထွေ/အုပ်ရုံး၊ အထက(ကနီ) နေရာများသို့ အကြမ်းဖက်အင်အား ၁၃၀ ဦးခန့်က လက်နက်ကြီး/ငယ် Drop Bomb များဖြင့် လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။မိမိစစ်သည် ၃ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ။

#တိုက်ပွဲသတင်းစုံ