(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များဖွင့်ပွဲ တက်ရောက်

ဇန်နဝါရီ ၄ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
သည် နေပြည်တော် ဥပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်းအတွင်းရှိ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက်
စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ
ဖွင့်ပွဲ အခမ်းအနားသို တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်တိုင်းရင်းသားရိုးရာ အကအဖွဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ ရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်
များပြပွဲကို ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတော်၌ ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅
ခန်း၊ စုစုပေါင်းပြခန်း ၅၅ ခန်းနှင့် ဝန်ကြီးဌာနများအလိုက် ကိုယ်စားပြု ဂုဏ်ပြုယာဉ် ၂၆ စီး၊ နေပြည်တော်ကောင်စီ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုဂုဏ်ပြုယာဉ် ၁၅ စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု
ယာဉ်တစ်စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ်တစ်စီးနှင့် တပ်မတော်ကိုယ်စားပြုဂုဏ်ပြုယာဉ်ငါးစီး စုစုပေါင်း
ဂုဏ်ပြုယာဉ် ၄၈ စီး တိုကို ပြသသွားမည်ဖြစ်ပြီး ပြည်သူများအားလုံး အခမဲ့ လာရောက်လည်ပတ်လေ့လာနိုင်ပါ
ကြောင်းနှင့် လုံခြုံရေးတင်းကျပ်မှုအရ မြိုဝင်/ထွက် နေရာများ၊ ပြခန်း ဝင်/ထွက်နေရာများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ
၏ စနစ်တကျ စစ်ဆေးရှာဖွေမှုများကို ကြည်ဖြူစွာ နားလည်လက်ခံပေးနိုင်ရေး သက်ဆိုင်ရာမှ မေတ္တာရပ်ခံထား
ကြောင်း သတင်းရရှိပါတယ်။