မုံရွာပညာရေးကောလိပ်ကို PDFများက လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်

ဇန်နဝါရီ ၄ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်တော်သာရပ်ကွက် သာစည်လမ်းဘေးရှိ မုံရွာပညာရေး
ကောလိပ်အား PDFအကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် ၁၅ ချက်ခန့် ပစ်ခတ် ထွက်ပြေးသွားကြောင်း
သိရသည်။ PDF အကြမ်းဖက်သမား ၅ ဦးခန့် သည် မော်တော်ယာဉ်တစ်စီးဖြင့် အပ်တောကျေးရွာ ဘက်မှ
သာစည်လမ်းအတိုင်း ရောက်ရှိလာပြီး ပညာရေးကောလိပ် ဂိတ် (၁) ၏ ရှေ့အုတ်တံတိုင်းနံရံဘက်မှ လက်နက်
ငယ်ဖြင့် ၁၅ချက်ခန့် ပစ်ခတ်၍ အပ်တော ကျေးရွာဘက်သို မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ အဆိုပါဖြစ်စဉ်အတွင်း
ဂိတ် (၁) တံခါးသံတိုင်တချက် အုတ်တံတိုင်း ၄ ချက် နှင့် စာသင်ကျောင်းဆောင်အဟောင်း ၃ ချက် ကျည်ထိမှန်
ခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်