အကြမ်းဖက် PDF များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ အမျိုးသား ၁ ဦး သေဆုံး

ဇန်နဝါရီ ၄ရက်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် တန့်ကြည်ကျေးရွာရှိ ကိုဖိုးဇော်လ္ဘက်ရည်ဆိုင်တွင် လက်ပံ
ချောင်းကျေးရွာနေ ဦးမြင့်သိန်းသည် လ္ဘက်ရည်သောက်နေစဉ် အကြမ်းဖက်အုပ်စု PDF အင်အား ၆ ဦးသည်
ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး သေနတ်အတိုဖြင့် ပစ်ခတ်၍ မြစ်ခြေ-ကျွန်းချောင်း-ဆိပ်ဖြူသွားလမ်းအတိုင်း
ဆိပ်ဖြူမြို့နယ်ဘက်သို ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်းနှင့် ဦးမြင့်သိန်းသည် အခင်းဖြစ်နေရာတွင်
ဒဏ်ရာဖြင့် သေဆုံးသွားကြောင်းသိရသည်။