ဧပြီလ ၁၀ ရက်နေ့မှုခင်းသတင်းများ

-ဧပြီလ ၉ ရက် ၀၉၀၅ နာရီတွင် အင်းစိန်မြို့နယ်၊ ပေါက်တောရပ်ကွက်တွင်နေထိုင်သော ဦးဌေးမြင့်(၆၂)နှစ်သည် မုန့်ဟင်းခါး စားရန် နေအိမ်မှ ထွက်ခွာလာစဉ် သံဒင်းစုလမ်းပေါ်ရှိ မုန့်ဟင်းခါးဆိုင်ရှေ့ အရောက်၌ အကြမ်းဖက် PDF ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဌေးမြင့်တွင် လည်ပင်း၊ ဝမ်းဗိုက်၊ ယာပါး၊ ဝဲပုခုံး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

-ဧပြီလ ၉ ရက် ၀၉၄၀ နာရီတွင် အရာတော်မြို့၊ အမှတ်(၁)ရပ်ကွက်တွင်နေထိုင်သော ဦးအောင်ကြည်(၅၉)နှစ်သည် မြို့မဈေးမှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ပိတောက်မြိုင်ရပ်ကွက်၊ ခြေတော်ရာဘုရားဇရပ်အနီး အရောက်၌ PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့သဖြင့် ဦးအောင်ကြည်တွင် ဝမ်းဗိုက်၊ နောက်ကျော၊ ယာနားထင်၊ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

-ဧပြီလ ၉ ရက် ၀၈၃၀ နာရီတွင် စလင်းမြို့နယ်၊ ကျောက်အိုးကျေးရွာတွင်နေထိုင်သော ဦးသန်းဝင်း (၄၂)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်အဖွဲ့PDF ကျား ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဦးသန်းဝင်းအား ဖမ်းဆီးခေါ်ဆောင်၍ ကျောက်အိုးကျေးရွာ၏ အရှေ့မြောက်ဘက်ကားလမ်းဘေး အရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရ။

-ဧပြီလ ၉ ရက် ၀၆၀၀ နာရီတွင် PDF အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်သည် မြောင်မြို့နယ်၊ ချောင်းဇင်းကျေးရွာ ဘက်မှ ဧရာဝတီမြစ်အား စက်လှေဖြင့်ဖြတ်ကူး၍ ဆိုင်ကယ် ၁၂ စီးခန့်ဖြင့် မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအတွင်း နေထိုင်သော ဒေါ်ခိုင်ဆွေဝင်း(၄၂)နှစ်အား ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်၍ ရွာရှည်ကျေးရွာ၏ အနောက်အထွက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရ။