ဩဂုတ်လ ၂၂ ရက်နေ့မှုခင်းသတင်းများ

ဩဂုတ်လ ၂၁ ရက်နေ့ ၀၅၀၀ နာရီချိန်တွင် တနင်္သာရီမြို့နယ်၊ ထုံနွယ်ကျေးရွာတွင် နေထိုင်သောဒေါ်သိန်းရီ ၅၅ နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ၃ ဦး လက်နက်ငယ်ကိုယ်ဆီကိုင်ဆောင်လာပြီး ဒေါ်သိန်းရီအား ပစ်ခတ်ခဲ့သဖြင့် ဒေါ်သိန်းရီမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

ဩဂုတ်လ ၂၁ ရက်နေ့ ၀၅၀၀ နာရီချိန်တွင် တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာတွင် နေထိုင်သော ဦးအောင်ကိုဝင်း(ခ)ဒူတိ(၄၂) နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား pdf ၅ ဦးခန့်လက်နက်ကိုယ်စီကိုင်ဆောင်ရောက်ရှိလာပြီး ဦးအောင်ကိုဝင်းအား ပစ်ခတ်ခဲ့သဖြင့် ဦးအောင်ကိုဝင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွဦးခဲ့ကြောင်း သိရှိရ။

ဩဂုတ်လ ၂၀ ရက်နေ့ ၂၀၅၀ နာရီချိန်တွင် ရေတာရှည်မြို့နယ်၊ အင်ဒိုင်းကျေးရွာတွင် နေထိုင်သော ဦးတင်မောင်နိုင်၏နေအိမ်သို့‌ အကြမ်းဖက်သမား ၆ ဦးခန့်မှ လက်နက်ငယ်များကိုင်ဆောင်ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးလားဟုမေး၍ ဦးတင်မောင်နိုင်၏ ယောက္ခထီးဖြစ်သူ ဦးဝင်းမောင်အား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ပြီး ဦးတင်မောင်နိုင်၏ သားဖြစ်သူ အောင်အောင်ဦး(၁၉) နှစ်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရွာထိပ်အရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရ။