အင်ဂျင်နီယာပညာရှင်များ အားသစ်လောင်းတဲ့နေ့

တပ်မတော်ကွန်ပျူုတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်းအမှတ်စဉ်(၁၉) ကျောင်းဆင်းပွဲအား ဇူလိုင်လ ၁၄ ရက်တွင် ဟိုပုံးမြို့ ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အင်ဂျင်နီယာပညာရှင်တွေကို မွေးထုတ်ပေးတဲ့ နေ့တစ်နေ့ဆိုလည်းမမှားပါဘူး.။ အဆိုပါသင်တန်းဆင်းပွဲကို ညှိနှိုင်းကွပ်ကဲမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြုချီးမြှင့်ပေးခဲ့သလို သင်တန်းဆင်းအင်ဂျင်နီယာ‌တပ်ကြပ်ကြီးတွေကိုယ်တိုင် လက်တွေ့တီထွင်ပြုလုပ်ထားတဲ့ နည်းပညာရပ်တွေကိုလည်း လေ့လာကြည့်ရှုအားပေးခဲ့ပါတယ်။ နိုင်ငံတော်နဲ့တပ်မတော်အတွက် အားကိုးအားထားရမယ့် နည်းပညာရှင်များမွေးထုတ်ပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျောင်းဆင်းပွဲပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်.။