ဘီးလင်းမြို့နယ်မှာ လက်နက်/ခဲယမ်းများသိမ်းဆည်းရရှိ

ဇူလိုင်လ ၁၆ ရက်၊ ညနေ ၄ နာရီ ခွဲ အချိန်ခန့်က ဘီးလင်းမြိုနယ်၊ ကရဝေးဆိပ်ရွာအနီး အကြမ်းဖက် KNU/PDF များ ဆက်ကြေးကောက် အနိုင်ကျင့်ကာ အခြေပြုနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှ ဝင်ရောက်၍ ပိတ်ဆို့ရှင်းလင်းစဥ် တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက် KNU/PDF အလောင်း ၁ လောင်း၊ hijet အမျိုးစား ယာဥ် ၂ စီး၊ ၇.၆၂ ကျည် ၅၂ တောင့်၊ ၅. ၅၆ ကျည် ၇ တောင့်၊ အီနာဂါဗုံးသီး ၄ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ FRB စာတန်းပါ တံဆိပ် ၁ ခု၊ အသုံးအဆောင်ပစ္စည်းများနှင့်ဘန်ကာတဲတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။