ထိုင်းနှင့် အင်ဒိုနီးရှားမှာ လျှပ်စစ်ကားများကို CKD စနစ်ဖြင့် စတင်ထုတ်လုပ်

ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှာ အာဆီယံ စျေးကွက်အတွက် လျှပ်စစ်ကားများကို CKD စနစ်ဖြင့် စတင်ထုတ်လုပ်နေကြပြီလို့ သိရပါတယ်။ ထိုင်းနိုင်ငံရှိ Honda ရဲ့ Prachinburi စက်ရုံမှာ အထင်ကရ လျှပ်စစ်ကား တစ်စီးဖြစ်တဲ့ e N:1 ကို CKD စနစ်ဖြင့် စတင်ထုတ်လုပ်နေပြီး Mitsubishi မှ လည်း Minicab EV ကို L100 EV ဆိုသောအမည်ဖြင့် အာဆီယံ စျေးကွက်အတွက် အင်ဒိုနီးရှားနိုင်ငံမှာ CKD စနစ်ဖြင့် စတင်ထုတ်လုပ်ကြောင်းကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဆိုပါ L100 EV လျှပ်စစ်ကားကို အင်ဒိုနီးရှားနိုင်ငံ West Java အရပ် Bekasi City ရှိ PT Mitsubishi Motors Krama Yudha Indonesia (MMKI) ရဲ့ စက်ရုံမှာ တပ်ဆင်ထုတ်လုပ်ခြင်းဖြစ်ပြီး ဒါဟာ Mitsubishi အနေနဲ့ ဂျပန်ပြည်တွင်းသုံး kei segment စာရင်းဝင် i-MiEV-based minivan လျှပ်စစ်ကားကို ဂျပန်နိုင်ငံ ပြင်ပမှာ ပထမဆုံးအနေနဲ့ ထုတ်လုပ်ခြင်းဖြစ်ကြောင်းသိရပါတယ်။