အာဇာနည်နေ့အတွက် ပြင်ဆင်မှုများပြုလုပ်မည်ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အား ယာယီပိတ်မည်

(၇၆)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ပြုလုပ်နိုင်ရန် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား ယာယီပိတ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

အထူးပြပွဲခင်းကျင်းပြသနိုင်ရန် ပြတိုက်အား ဇွန်လ ၂၇ ရက်မှ ဇူလိုင် ၁၈ ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၊ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (နတ်မောက်)တိုအား ယခင်နှစ်များအတိုင်း ပြည်သူများအား အခမဲ့ ဝင်ရောက်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။