သမီးဖြစ်သူနဲ့ သမက်လောင်းတို့ရဲ့ ကြင်စဦးဓာတ်ပုံတွေကိုဖော်ပြလာတဲ့ ပိုးကြာဖြူခင်ရဲ့ မိခင်

ဒီကနေ့မှာတော့ ပိုးကြာဖြူခင်ရဲ့မိခင်ဖြစ်သူက သမီးဖြစ်သူနဲ့ သမက်လောင်းတို့ရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်တွေအတွက် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့်ဖော်ပြလာခဲ့ပါတယ်။

သူမက “ကြင်စဦး သားနဲ့သမီး”ဆိုတဲ့စာသားလေးနဲ့ မျှဝေလာခဲ့တာပါ။ သရုပ်ဆောင်ပိုးကြာဖြူခင်တို့ ချစ်သူနှစ်ဦးဟာ ဝေဖန်မှုတွေများစွာကြုံနေရပေမယ့် မိခင်ဖြစ်သူကတော့ မင်္ဂလာပွဲကိုကြည်ဖြူစွာ လက်ခံခဲ့တာပဲဖြစ်ပါတယ်။ 

ပိုးကြာဖြူခင်ကလည်း သူမရဲ့အိမ်ထောင်ရေးမှာ ကိုယ့်သဘောဆန္ဒထက် မိခင်ဖြစ်သူရဲ့ဆန္ဒကို ဦးစားပေးခဲ့တယ်ဆိုပြီး ဖြေကြားထားခဲ့တာပါ။ 

မကြာခင်မှာအိမ်ထောင်ပြုတော့မယ့် ပိုးကြာဖြူခင်တို့ချစ်သူနှစ်ဦးကတော့ အခုဆိုရင် Pre Wedding ပုံတွေရိုက်ကူးနေလျက်ရှိပြီး မင်္ဂလာပွဲကိုဧပြီလထဲမှာကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်

6.jpg
4.jpg