ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သည့် မန္တလေး PDF အကြမ်းဖက်အဖွဲ့ ၄ ဦး အရှင်ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးမြို့တွင်းသို့ ၁၄-၄-၂၀၂၄ ရက်နေ့ ည (၉ ၃၀)နှင့် (၁၀ ၃၀)ကြား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် မန္တလေး PDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား ၄ ဦး ကို အရှင်ဖမ်းမိထားပြီး အကြမ်းဖက်သမား ၅ လောင်း ရရှိထားကြောင်း သိရသည်။
ဖမ်းဆီးရမိ အကြမ်းဖက်သမားများကို စစ်ဆေးနေပြီး ၎င်းတို့၏ စခန်းတည်နေရာများအား တပ်မတော် နယ်မြေရှင်းလင်းရေးအဖွဲ့က ဆက်လက်ထိုးစစ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့အတွင်းသို့ အကြမ်းဖက်သမားများက ဧပြီ ၁၄ ရက် ညပိုင်းတွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသော သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေသည့် ကလေးငယ်များအပါအဝင် ဆေးရုံတက်လူနာ၊ ဆေးရုံဝန်ထမ်း ၁၁ ဦးနှင့် ရပ်ကွက်နေပြည်သူ ၁ ဦး၊ စုစုပေါင်း ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

crd/ MNP