လမ်းလျှောက်သင်္ကြန်မှာ ပါဝင်ဆင်နွှဲနေတဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ

မြန်မာ့ရိုးရာ အတာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကို နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ နိုင်ငံခြားသံရုံးများမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများသည် သင်္ကြန်အကြတ်နေ့၌ နေပြည်တော်မြို့တော်ဝန် ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ပါဝင်ဆင်နွှဲလျက်ရှိပါတယ်

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ လာအို၊ သီရိလင်္ကာ၊ ထိုင်း၊ ဘင်္ဂလား​​ဒေ့ရှ်၊ ဘရာဇီးနိုင်ငံ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ စစ်သံရုံးများမှစစ်သံမှူးများ၊ သံတမန်များနှင့် ၎င်းတို့၏မိသားစုဝင်များသည် သင်္ကြန်ပွဲ၌ ပါဝင်ဆင်နွှဲရန် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့မှ နေပြည်တော်သို့ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ တိုင်းတစ်ပါးသားတွေက မြန်မာ့ရိုးရာပွဲတွေကို ဆင်နွှဲနေချိန် ပြည်ဖျက်သမားတွေကတော့ ဖျက်လို့ဖျက်ဆီးလုပ်နေကြတာ တကယ်ကို ရင်နာစရာကောင်းလှပါတယ်။