ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ဆိုင်ကလုန်းမုန်တိုင်း မိုခါဒဏ်သင့်ခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်နိုင်ရန် ထောက်ပံ့ရေးပစ္စည်းများနဲ့ ကယ်ဆယ်ရေးအဖွဲ့များ၊ အစားအစာများနှင့်လူသုံးကုန်ပစ္စည်းများကို တပ်မတော်မှ လေယာဉ်၊ ရဟတ် ယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ပေးသလို စစ်ရေယာဉ်များနဲ့လည်း သယ်ယူပို့ဆောင်ပေးလျက်ရှိပါတယ်။ ယမန်နေ့ကလည်း တပ်မတော်စစ်ရေယာဉ်နဲ့ ဆက်သွယ်ရေး မိုဘိုင်းကား၊ မီးစက်၊ အစားအသောက် စသဖြင့် ကဏ္ဍအသီးသီးအတွက်ပါ ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။