ရော်နယ်ဒိုရဲ့ လုပ်ရပ်ကိုလေးစားနေကြတဲ့ ပရိတ်သတ်များ

ဘောလုံးပွဲတွေမှာ များသောအားဖြင့် ကစားသမားတစ်ယောက်က ပင်နတီ ဧရိယာအတွင်းလဲကျပြီဆို ဒိုင်လူကြီးဆီကို ပင်နတီ တောင်းကြတဲ့ မြင်ကွင်းတွေကိုပဲ တွေ့ရများပါတယ်။ ဒါပေမယ့် ပြစ်ဒဏ်ကျူးလွန်ခံရသူကိုယ်တိုင်က ပင်နတီပေးစရာမလိုကြောင်း ဒိုင်ကို ပြောဆိုတာမျိုးကတော့ ရှိပေမယ့် ရှားတယ်လို့ ဆိုရပါမယ်။ ညက ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဥ် တစ်ပွဲဖြစ်တဲ့
အယ်နာဆာ နဲ့ ပါစီပိုလစ် တို့ရဲ့ ပွဲစဥ် မှာ ရော်နယ်ဒို တစ်ယောက် ပါစီပိုလစ် ရဲ့ ဂိုးဧရိယာထဲမှာ လဲကျခဲ့ပြီး ဒိုင်လူကြီးက ပင်နတီအဖြစ် သပ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒို ဟာ ချက်ချင်းပဲ ဒိုင်လူကြီးဆီကို သွားပြီး ပင်နတီမဟုတ်ကြောင်း အကြောင်းကြားခဲ့ပါတယ်။
ဒီလုပ်ရပ်ကြောင့် ရော်နယ်ဒိုကို ချီးကျူးနေကြပြီး မီဒီယာတွေထက်မှာလည်း လေးစားဖွယ်ရာ လုပ်ရပ်အဖြစ် ရေးသားနေကြပါပြီ…