မြို့နယ်များရှိ ပြည်သူလူထုအား အကြမ်းဖက်သမားများက အကြောင်းမဲ့ သတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချိုအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ် သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်း မရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတိုနှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက် ရှိသော ပြည်သူလူထုများအား “သူလျှိ၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ ဇန်နဝါရီလ ၂၉ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြိုနယ်၊ ထုံခါကျေးရွာနေ ဦးသန်းဝင်း(၄၇)နှစ်သည် ကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ ၎င်းပိုင်ဥယျာဉ်ခြံအတွင်း၌ မိသားစုနှင့်အတူရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမား ၆ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဦးသန်းဝင်းအား သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာတစ်ချက် ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြိုနယ်၊ ညောင်နီကျေးရွာနေ ဦးပိုက်ဆောင်း (၅၂)နှစ် (ဘ)ဦးအောင်သန်းသည် ၎င်း၏ နေအိမ်မှ ကျေးရွာဘုန်းတော်ကြီးကျောင်းသို လမ်းလျှောက်သွားစဉ် PDF အမည်ခံအကြမ်းဖက်သမား ၂ ဦး(စိစစ်ဆဲ)က‌ သေနတ်ဖြင့်ပစ်ခတ်ကာ ဆည်သည်ကျေးရွာဘက်သို စက်လှေဖြင့် ထွက်ပြေးသွားခဲ့ သဖြင့် ဦးပိုက်ဆောင်းတွင် ဝဲချိုစောင်း၊ ရင်ညွန့်နှင့် ခါးတို၌ ကျည်ဖောက်ဝင်ဒဏ်ရာ ၄ ချက်ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃၀ ရက် နံနက် ၁ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှ မြိုနယ်၊ ငလှစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း (၅၀)နှစ် (ဘ)ဦးစောသည် အဆိုပါကျေးရွာနေ ဦးဖိုးထူး၏ နာရေးအိမ်၌ လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ပြီး ၎င်းနေအိမ် အနောက်ဘက်သို သွားစဉ် အကြမ်းဖက်သမား(စိစစ်ဆဲ)က သေနတ်ဖြင့် ချောင်းမြောင်းလုပ်ကြံ ပစ်ခတ်ခဲ့သဖြင့် ဦးထွန်းဝင်းတွင် ဦးခေါင်းနောက်စေ့မှ ယာမျက်လုံးသို ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာမြို၊ ထန်းတောရပ်ကွက်၊ အင်းပတ်လမ်းရှိ အမှိက်ပုံအနီး၌ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအမှိက်ပုံအနီး၌ အသက် (၃၅)နှစ်ခန့် အမျိုးသားတစ်ဦး(စိစစ်ဆဲ)အား အကြမ်းဖက်သမားများက ဦးခေါင်းဖြတ်သတ်ဖြတ် ခဲ့သဖြင့် ဦးခေါင်းပြတ်လျက်သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူအား မုံရွာမြိုပြည်သူ့ ဆေးရုံသို ပိုဆောင်ပေးခဲ့ပြီး သေဆုံးသူနှင့်ပတ်သက်၍ စုံစမ်းလျက်ရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၃၀ ရက် နံနက် ၆ နာရီ ၂၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိင်မြိုနယ်၊ အမှတ်(၂)ရပ်ကွက်၊ ရွှေဝါဆပ်ပြာစက်ရုံနေ ဦးမြင့်စိုး (၆၂)နှစ် (ဘ)ဦးစိုးတင့်သည် ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ယာအရှေ့ရှိ အသုပ်ဆိုင်၌ အသုပ်ဝယ်ရန် တစ်ဦးတည်း လမ်းလျှောက်လာစဉ် အဆိုပါအသုပ်ဆိုင်အနီးအရောက် ဘတ္ထရီစက်ဘီး စီးနင်းလာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးမြင့်စိုးတွင် ဝဲမျက်လုံး အောက်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန် ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။