ဒဂုံဆိပ်ကမ်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး၊ သေနတ်ပစ်ခံရ

ဇန်နဝါရီလ ၃၀ ရက် ည ၈ နာရီ ခွဲခန့်က ဒဂုံဆိပ်ကမ်းမြိုနယ်၊ ရွှေလီလမ်းနဲ့ ဧရာဝဏ်လမ်းထောင့်က ၆၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်တစ်စီးနဲ့ လူသုံးဦး ရောက်ရှိလာပြီး လက်ပစ်ဗုံး၊ သေနတ်တိုနဲ့ ပစ်ခတ်ခဲ့တယ်လို သိရပါတယ်။

အကြမ်းဖက် PDF သုံးဦးဟာ ရပ်ကွက်ရုံးထဲကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ပြီးနောက်မှာ နောက်တစ်ဦးက သေနတ်နဲ့ လေးချက်ပစ်ခတ်ခဲ့တယ်လို သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် ရုံးအရှေ့မှာ ထိုင်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်ရာအိမ်မှူး သုံးဦးတိုမှာ ဗုံးစထိမှန်ဒဏ်ရာတွေ ရရှိသွားတယ်လို သိရပါတယ်။