ချောင်းနှစ်ခွရဲစခန်းကို အကြမ်းဖက်KTLA နှင့် PDF အဖွဲ့များကတိုက်ခိုက်ဆဲ

       ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနှင့် မွန်ပြည် နယ်၊ မုဒုံ – ကျိုက်မရောကို ဆက်သွယ်ထားသောအတ္တရံတံတား (ချောင်းနှစ်ခွ)မှာ အကြမ်းဖက်သောင်းကျန်း သူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၁၇ ရက်တွင် မိုင်းခွဲမှုကြောင့် တံတားမှာ ပြိုကျပျက်စီးသွားခဲ့သော်လည်း ချောင်းနှစ်ခွရဲစခန်းကို တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရပါသည်။

       အကြမ်းဖက်သောင်းကျန်းသူ အယ်စေး၀ါးဦး ဆောင်သော Lion Battalion စစ်ကြောင်းက နို၀င်ဘာ ၁၂ ရက်နေ့မှ စတင်၍တိုက်ခိုက်ခဲ့ရာ ယနေ့ နို၀င်ဘာ ၂၇ ရက်နေ့ထိ ၁၆ ရက်ကြာစခန်းမကျအောင် တောင့်ခံပြီး တိုက်ခိုက်နေဆဲဖြစ် သည်။

      အဆိုပါ ရဲစခန်းတွင် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် BGF တပ်ဖွဲ့ ပူးပေါင်းအဖွဲ့များက စခန်းမကျ အောင် ခုခံတိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ နှစ်ဘက်ထိခိုက်မူ များရှိနေပြီး ယနေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း၊ လေကြောင်းပစ်ကူလာရောက်ပစ် ခတ်မှုများရှိပြီး အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များ ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်း သတင်းရရှိသည်။

#PAN