မြန်မာနိုင်ငံသားမှန်သမျှ ဒီပို့စ်ကို ဖတ်မိကြပါစေ 🙏

အရှေ့တောင်အာရှ ချန်ပီယံဟောင်း အောင်သီဟ

ဒီမိုကရေစီစနစ် ရောက်ရင် လုပ်ချင်တာလုပ်လို့ရတယ်ဆိုပြီး ခေတ်အဆက်ဆက်အသုံးပြုခဲ့တဲ့
ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံဟောင်းကို လုံမပျိုတစ်ယောက်က အခုလိုမျိုး ရေလဲထမိန်အဖြစ်
လုပ်ဝတ်တာမြင်တော့အသည်းနာတယ် …
.
ဘယ်ပန်ချီ ဆရာကဘယ်လို ရည်ရွယ်ချက်၊ ရည်မှန်းချက်နဲ့ရေးဆွဲနေလဲတော့မသိဘူး?
.ဒီအလံတော်ဟာ အဓိပ္ပယ် အများကြီးရှိတယ်..
.
အကျယ်ချဲ့ပြီး ရေးပြမနေတော့ပါဘူး ၈၈ နောက်ပိုင်းမွေးတဲ့ သူတွေတော့သိမယ်မထင်…
.
ကျွန်တော့်ရဲ့ကိုယ်တွေ့မှတ်တမ်း 👇

ကျွန်တော်ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၃ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို အမိမြန်မာပြည်ကိုယ်စားပြုပြီး မြန်မာ့လက်ရွေးစင်ပြေးခုန်ပစ် အားကစားသမားတစ်ယောက်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
.
မနီလာကိုရောက်ရှိချင်သည်ကျွန်တော့်အဖို့ ဒုတိယအကြိမ်ရောက်ရှိခြင်းပါ။ ၂၃ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားဖွင့်အခမ်းအနားကျင်းပဖို့တစ်ရက်အလိုမှာ အားကစားဝန်ကြီး သူရအေးမြင့်ရယ်ဗိုလ်မှူးကြီး သောင်းထိုက်ရယ်ဗိုလ်မှူး နော်တောင်ရယ်ဆရာဦးခင်မောင်လေးတို့ကျွန်တော်တည်းခိုနေသော MARINA BAY VIEW HOTEL MANILA CITYသို့ရောက်ရှိပြီး ကျွန်တော့်အား…..


မြန်မာနိုင်ငံတော်အလံကိုဖွင့်ပွဲအခမ်းအနားတွင် အလံကိုင်အဖြစ်တာဝန်ပေးအပ်ပြီး အကြိုလေ့ကျင့်ရာအခမ်းအနားသို့ခေါ်ဆောင်ပြီး ဖွင့်ပွဲအခမ်းအနားအတွက် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ရပါသည်။
.
ဖွင့်ပွဲအခမ်းအနားစသောအခါ ဗိုလ်မှူး ကြီးသောင်းထိုက်က…
Chief of the mission Myanmar National Teamအဖြစ်ဦးဆောင်ပြီး ကျွန်တော်က Flag carrier အဖြစ် မြန်မာအသင်းကိုဦးဆောင်ပြီး သတ်မှတ်နေရာသို့ချီတက်လာပြီး နေရာယူရပါသည်။
.
ထိုစဉ် ဖိလစ်ပိုင်သမ္မတ အာယိုယို မှဖွင့်ပွဲအမှာစကားပြောကြားပြီး အခမ်းအနားကိုဖွင့်လှစ်ပေးပြီး..
ဖွင့်ပွဲကျင်းပရာစတိတ်စင်မြင့်ရှေ့တွင်နိုင်ငံပေါင်းစုံမှ အလံကိုင်များ နေရာယူရပါသည်
.
ထိုစဉ်ပြသာနာက စလာပါပြီ…….

ဖွင့်ပွဲအခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေသော ရိုက်ကူးရေးစက်တင်အဖွဲ့မှ တာဝန်ရှိသူတစ်ယောက် ကျွန်တော့်အနားရောက်လာပြီးစကားတစ်ခွန်းလာပြောပါသည်
ကျွန်တော် ပြန်ပြောလိုက်ပါသည် မဖြစ်နိုင်ဘူးလို့
ထိုလူပြန်ထွက်သွားပါသည်။
.
နောက်တစ်ကြိမ် ပထမလာသောလူနဲ့အတူ ဖိလစ်ပိုင်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ
စစ်သံမှူးတစ်ဦးရောက်ရှိလာပါသည် ၄င်းနှင့်အတူ လုံခြုံရေးရဲအရာရှိနှစ်ဦး
စုစုပေါင်းလေးဦးမှ ကျွန်တော်အားဝိုင်းလိုက်ပြီး
မိမိတို့မြန်မာနိုင်ငံအလံသည် ရိုက်ကူးရေး Cameraအားကွယ်နေသဖြင့် မြန်မာအလံအားအောက်ချခိုင်းပါသည်။
.
ကျွန်တော်ပြန်ပြောလိုက်သည်မှာက………
တခြားနိုင်ငံအလံတွေအောက်မချဘဲနှင့်တော့
ငါနိုင်ငံအလံတစ်ခုထဲအောက်မချပေးနိုင်ဘူး
ဒီအလံက ငါ့အသက်ပဲ
တကယ်လို့ ငါ့အလံကိုအောက်ချမှဖြစ်မယ်ဆိုရင်
ငါသေမှပဲရမယ်လို့ပြောလိုက်ပါသည်။

.
ထိုစဉ်အနောက်မှနေ၍
ဘာမှမပြောဘဲ ကျွန်တော်ပြောသမျှကို
နားထောင်နေသော ဗိုလ်မှူးကြီးသောင်းထိုက်
(နောင်တွင် ဒုတိယဝန်ကြီးငြိမ်း)က
ကျွန်တော်အား လက်ဆွဲနှုတ်ဆက်ပြီး
ငါ့သားမင်းစိတ်ဓါတ်ကို
အဘ ဂုဏ်ယူတယ် မင်းဒီစိတ်ဓါတ်ရှိရင်
ငါ့သား မင်းဒီပြိုင်ပွဲမှာရွှေရမှာလို့
အဘကကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။
.
ဖွင့်ပွဲအခမ်းအနားပြီးလို့
နောက်နှစ်ရက် မြောက်နေ့တွင်
Manila Memorial statium
အားကစားကွင်းမှာ ကျွန်တော်ပြိုင်ပွဲပြိုင်ရတယ်။
.
ပြိုင်ပွဲပြီးတော့ ကျွန်တော်အမိမြန်မာနိုင်ငံအတွက်
ရွှေတံဆိပ်ရယူပေးနိုင်ခဲ့တယ်
ဆုပေးပွဲအခမ်းအနားမှာ
ကျွန်တော် ပထမရလို့
ကျွန်တော်တို့မြန်မာနိုင်ငံအလံက
ထိပ်ဆုံးမှာလေထဲကိုလွှင့်ထူနေတယ်
မြန်မာနိုင်ငံတော်သီချင်းကလည်း
တစ်ကွင်းလုံးကို ဟိန်းပြီထွက်လာတယ်
တစ်ချိန်ထဲမှာပဲ ကွင်းထဲမှာရှိတဲ့
အရှေ့တောင်အာရှနိုင်ငံအသီးသီးမှ
အကြီးအကဲတွေအကုန်လုံး ကျွန်တော်တို့
မြန်မာနိုင်ငံအလံကိုအလေးပြုရတယ်။

.
ကျွန်တော် ပထမ ဆုစင်မြင့်ပေါ်ကနေ
အမိမြန်မာနိုင်ငံအလံအားအလေးပြုရင်း
နိုင်ငံတော်သီချင်းကိုသီဆိုနေစဉ်
မျက်ရည်ကထိန်းမရနိုင်အောင်ကျလာပါသည်
ကျွန်တော့်၏စိတ်အစဉ်က
ငါ့အမိမြန်မာနိုင်ငံအတွက်
ငါတာဝန်ကျေပွန်ခဲ့ပြီ
ငါ့နိုငိငံကိုရွှေတစ်ခုယူလာနိုင်ခဲ့ပေပြီ။
.
ပြိုင်ပွဲပြီးလို့ အပေါ့သွားတော့
ဆီးထဲကသွေးပါလိုက်လာတယ်
ကျွန်တော် ခါးဆစ်တွေလဲအရမ်းကိုက်သွားတယ်
ကျွန်တော် မီတာ ၁၅၀၀ ကို
ဦးဂျင်မီဂရစ်တန် ထက်ပိုသာအောင်ပြေးနိုင်ခဲ့တယ်
Personal best record ပါ
၃မီနစ် ၄၉ ဒသမ ၂၅ စက္ကန့်ပါ …
.
ပြောချင်တာက
အမိမြန်မာအလံအတွက် ဆီးထဲက
သွေးပါအောင်ပြေးခဲ့ရတဲ့အတွက်
မြန်မာနိုင်ငအလံနှင့် နိုင်ငံတော်သီချင်းကို
ဟာသမလုပ်ပါနှင့် မြန်မာနိုင်ငံရဲ့
အလံအောက်က မြန်မာနိုင်ငံရဲ့
အချုပ်အခြာအာဏာတည့်တံ့ခိုင်မြဲအောင်
အသက်တွေအများကြီးစတေးခဲ့ရတာပါ။
.
ကျွန်တော် တို့မိသားစုမှာဆိုရင်
အဖေရယ် ကျွန်တော်ရယ်
ညီလေးရယ် သုံးရောက်စလုံး
အရှေ့တောင်အာရှ ချန်ပီယံ
တွေပါ
မြန်မာ့အလံကိုနိုင်ငံတကာမှာ
လွှင့်ထူနိုင်ခဲ့တဲ့ ရွှေမိသားစုပါ။

.
I’m proud of my Family//////

နိုငိငံတော်နှင့်နိုင်ငံသားတွေကို
အစဉ်လေးစားသေားအားဖြင့်…….