ဆီဆိုင်မှာ KNDF၊ PNLA ကဆန်သယ်ကားကိုပစ်ခတ်

တောင်ကြီးမြို၊ ရွှေတောင်ရပ်ကွက်၊ အမှတ်(၄၅၃)နေသူ မင်းအောင် ၄၀ နှစ်၊ (ဘ)ဦးတင်မောင်၊ ဆန်အရောင်း/အဝယ် (ကောင်းတိုင်းကျော်ဆန်ပွဲရုံ)သည် ဆီဆိုင်မြို့၊ ဘုရားဖြူရပ်ကွက်ရှိ ၎င်းပိုင်ဆန်ဆိုင်မှ ဆန်များအား ယာဉ်အမှတ်၊3F/9387(ကန်တာ/အဖြူရောင်)ယာဉ်ဖြင့် တင်ဆောင်၍ တောင်ကြီးမြို့သို ထွက်ခွာလာစဉ် ယမန်နေ့ နံနက် ၇ နာ‌ရီ၌ ဆီဆိုင်မြို့ထွက်တွင် အကြမ်းဖက် KNDF၊PNLA ပူးပေါင်း အဖွဲ့၏ ပစ်ခတ်မှုကြောင့် မင်းအောင်၏ ရင်ဘတ် ၌ လက်နက်ငယ်ကျည် ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။