မျက်နှာပေါ်ကအရေးကြောင်းအတွက်အိမ်တွင်းကုထုံး

မျက်နှာပေါ်က အရေးကြောင်းတွေက အရေပြားပေါ်မှာ အစိုဓာတ်လျော့နည်းတာနဲ့ အရေပြားရဲ့ ကျုံ့နိုင်၊ ဆံ့နိုင်အားတွေ
လျော့နည်းတာကြောင့် ဖြစ်ရတာပါ။ မျက်နှာပေါ်မှာ အရေးကြောင်းတွေပေါ်လာတာက အသက်အရွယ်ကြီးရင့်တာကြောင့်
ဖြစ်နိုင်သလို နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ ဆေးလိပ်သောက်တာ၊ အာဟာရဓာတ်ချို့တဲ့တာနဲ့ လေထုညစ်ညမ်းမှုဒဏ်ခံရတာလိုမျိုး
ပတ်ဝန်းကျင်ရဲ့ အချက်အလက်တွေကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်း ဖြစ်ပေါ်နိုင်ပါတယ်။
အရွယ်တင်နုပျိုလိုသူတွေအတွက် မိမိအိမ်တွင်းမှာပဲ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ပြုလုပ်နိုင်တဲ့ အရေးကြောင်းကင်းစင်နိုင်တဲ့
နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
ပျားရည်အသုံးပြုနည်း
– မျက်နှာကိုအရင်ဆုံး သန့်စင်ပြီး ပျား ရည်ခပ်ထူထူသုတ်လိမ်းပါ။
– မိနစ် ၂၀ အကြာမှာ ရေနဲ့ဆေးကြော လိုက်ပါ။
– အနည်းဆုံးတစ်နေ့တစ်ကြိမ်လုပ်ပါ။
ရှောက်ရည်အသုံးပြုနည်း
– မနက်အိပ်ရာထခါစမှာ ပျားရည်အ နည်းငယ်ထည့်ထားတဲ့ ရှောက်ရည် ကိုသောက်ပေးပါ။
ခန္ဓာကိုယ်ထဲက အဆိပ်အတောက် တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အရေပြား ဝင်းလက်တောက်ပြောင်လာနိုင်ပါတယ်။
ငှက်ပျောသီးအသုံးပြုနည်း
– ငှက်ပျောသီးနှစ်လုံးကိုခြေပြီး မျက် နှာပေါ်မှာ လိမ်းထားပါ။
– နာရီဝက်ခန့် ထားပြီးမှ ရေဆေးချ လိုက်ပါ။
– ငှက်ပျောသီးကို ပျားရည်နဲ့ ပေါင်း စပ်ပြီးလည်း မျက်နှာပေါ်မှာ လိမ်း နိုင်ပါတယ်။
မုန်လာဥနီအသုံးပြုနည်း
– မုန်လာဥနီကို ကြိတ်စက်နဲ့ ကြိတ် ကာအရည်ညှစ်ယူပါ။ ဒါမှမဟုတ် ပြုတ်ပြီးသား မုန်လာဥနီကိုကြိတ်ပြီး ပျားရည်နဲ့ ရောစပ်ပါ။
– ရလာတဲ့အရောအစပ်ကို မျက်နှာ ပေါ်မှာ သုတ်လိမ်းပြီး နာရီဝက်ခန့် ထားပါ။
– ပြီးရင် ရေနဲ့ဆေးကြောပါ။
နာနတ်သီးအသုံးပြုနည်း
– နာနတ်သီးစိတ်နဲ့ မျက်နှာကို ၂-၃ မိနစ်ခန့် ပွတ်တိုက်ပေးပါ။
– တစ်ပတ် ၂-၃ ကြိမ်ခန့် ပြုလုပ်နိုင် ပါတယ်။
စတော်ဘယ်ရီအသုံးပြုနည်း
– စတော်ဘယ်ရီသီးတွေကို ကြိတ် ခြေပါ။
– ရလာတဲ့အနှစ်ကို မျက်နှာပေါ် သုတ် လိမ်းပါ။
– ၁၀ မိနစ်ခန့်ထားပြီးရင် မျက်နှာသစ် လိုက်ပါ။
– တစ်ပတ် နှစ်ကြိမ်ပြုလုပ်ပါ။
ကြက်ဥအကာ အသုံးပြုနည်း
– ကြက်ဥထဲက အကာထုတ်ယူပြီး ခေါက်ပါ။
– ပြီးရင် မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပါ။
– ၁၅ မိနစ် ဒါမှမဟုတ် ကြက်ဥအကာ ခြောက်သွေ့သွားတဲ့အထိ ထားပြီး ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။
သံလွင်ဆီအသုံးပြုနည်း
– ညအိပ်ရာမဝင်ခင်မှာ သံလွင်ဆီ အ နည်းငယ်နဲ့ မျက်နှာကို လိမ်းကာနှိပ် နယ်ပါ။
– မျက်နှာသုတ်ပဝါနဲ့ ပြန်လည်သုတ် ပြီးမှ အိပ်စက်ပါ။
– မနက်အိပ်ရာထခါစမှာ အရေပြား ချောမွေ့နူးညံ့တောက်ပြောင်လာပါလိမ့်မယ်။