မိုးကာအစိမ်းနဲ့ထုပ်ပြီး ချောက်ထဲစွန့်ပစ်ထားတဲ့ အလောင်းတစ်လောင်းတွေ့

ကချင်ပြည်နယ် ဖားကန့်မြို့မှာ မိုးကာအစိမ်းနဲ့ထုပ်၊ တိပ်နဲ့ပတ်ပြီး ချောက်ထဲစွန့်ပစ်ထားတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတစ်လောင်းကို မတ်လ ၂၉ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲဒီအမျိုးသားရဲ့ရုပ်အလောင်းကို ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်မှာရှိတဲ့ ရောင်ခြည်ဦးသီလရှင်စာသင်တိုက်အဆင်းအနီးက ပေ ၁ဝဝ ခန့်မြင့်တဲ့ ချောက်အတွင်းကနေ တွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့တွေက ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ကြရတာလို့ ဆိုပါတယ်။

အလောင်းကို တာဝန်ရှိသူတွေက ဖွင့်ဖောက်စစ်ဆေးရာမှာတော့ သေဆုံးသူရဲ့မျက်နှာမှာ ဓားနဲ့အထိုးခံထားရတဲ့ဒဏ်ရာနဲ့ လည်ပင်းမှာလည်း ပြတ်ရှဒဏ်ရာတွေ တွေ့ရှိခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာကို မသိရသေးတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

crd