မန်စီးတီးကို အနိုင်ဂိုးတွေ ရယူပေးခဲ့တဲ့ ဟာလန်းရဲ့ ခြေစွမ်း

မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ မန်စီးတီးအသင်းက ဟာလန်းရဲ့ငါးဂိုးနဲ့အတူ လူတန်တောင်းအသင်းကို ၆-၂ ဂိုးနဲ့ အနိုင်ယူပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

ဟာလန်းရဲ့ ငါးဂိုးမှာ ဒီဘရိုင်းနားက လေးဂိုး assist ပေးခဲ့ပြီး ကိုဗာဆစ်က မန်စီးတီးအသင်းအတွက် နောက်တဂိုးသွင်းပေးခဲ့ပါတယ်။

ဟာလန်းဟာ ခြေချောင်းရိုး ဒဏ်ရာကြောင့် ဒီဇင်ဘာ ၇ ရက် ကနေ ဖေဖော်ဝါရီ ၁ ရက်အထိ ၂ လနီးပါး အနားယူခဲ့ရပါတယ်။

ဟာလန်းရဲ့ မန်စီးတီးအသင်းဟာ အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ပြန်လည်ကာကွယ်နိုင်ဖို ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

အခြားပွဲစဉ်များဖြစ်တဲ့ နယူးကာဆယ်အသင်းက ဘလက်ဘန်းကို ပယ်နယ်တီနဲ့နိုင်ပြီး ဘုန်းမောက်ကတော့ အိမ်ကွင်းမှာ လက်စတာကို အရေးနိမ့်ခဲ့ရပါတယ်။