မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကိုယ့်ဘ၀ကိုယ် တာ၀န်ယူပါ

သူများပါးစပ်ကို မကောင်းတာ
မပြောနဲ့လို့ ပိတ်ဖို့မလွယ်ပါဘူး ။

ဝါသနာစရိုက် ဆိုးတဲ့သူဆိုရင်တော့
အပြောအဆိုက ကြမ်းတမ်းနေမှာပါ ။

သူများကို မကောင်းတာမလုပ်နဲ့လို့
တားမြစ်လို့ မလွယ်ကူပါဘူး ။

အကျင့်သီလမကောင်းတဲ့သူဆိုရင်
မကောင်းတာနဲ့ လူလုပ်နေမှာပါ ။

သူများကို မဟုတ်တွေမကြံနဲ့လို့
ပိတ်ပင်ထားဖို့ မလွယ်ကူပါဘူး ။

မစောင့်ရှောက်တတ်တဲ့သူဆိုရင်
သူ့စိတ်နဲ့သူ ကြံချင်တာကြံနေမှာပါ ။

သူများဘ၀ကို ကိုယ်တာ၀န်ယူပေးလို့
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။

ကိုယ့်ဘ၀နဲ့ ကိုယ့်ကံတွေကိုပဲ
မရိုင်းအောင် တာ၀န်ယူကြရမှာပါ ။

ကိုယ့်ရဲ့ကံတွေဟာ
ကိုယ်လျှောက်ရမယ့် လမ်းတွေမို့

အမှားပါပြီး ကံမထိုက်ရအောင်
သတိထားလို့ နေထိုင်သင့်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏