စားအုန်းဆီဈေးနှုန်းများသိသာစွာကျဆင်စေရေး ဆောင်ရွက်မည်

ရက်ပိုင်းအတွင်း စားအုန်းဆီဈေးနှုန်းများ သိသာစွာကျဆင်းစေရေး ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းပါဝင်ကြရန်နှင့် ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီ ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ လိုအပ်သည့်အစီအမံများ ချမှတ်ကာ ကြပ်မတ်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ရန် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဩဂုတ်လ ၃၀ ရက်တွင် ပြုလုပ်သည့် ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိင်းအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းသိရပါတယ်။