ဘဏ်လုပ်ငန်းဝန်ဆောင်မှုအချို အသုံးပြု၍မရနိုင်သေးဟု CB Bank ကြေညာ

MPT ၏ လက်ရှိကြုံတွေ့နေရသော နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကြောင့် CB Bank ၏ အချိုသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား လတ်တလော အသုံးပြု၍ရနိုင်မည်မဟုတ်ကြောင်း CB Bank မှအသိပေးထုတ်ပြန်ထားသည်။

CB Bank အနေ ဖြင့် ဝန်ဆောင်မှုများ အမြန်ဆုံးပြန်လည်ရရှိနိုင်ရန် ညှိနှိင်းဆောင်ရွက်နေကြောင်း အသိပေးထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့မနက်ပိုင်းMPT Exchange ရုံးမီး‌လာင်ခဲ့ပြီးနောက် ရန်ကုန်မြိုအပါအဝင်ပြည်နယ်နှင့် တိုင်းဒေသကြီးအချိုတွင် MPT ဒေတာများ၊ WiFi များ၊ ဖုန်းလိုင်းများပြတ်တောက်ခဲ့ခြင်းဖြစ်သည်။