အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ရလဒ်များထွက်လာ

အာရှအမျိုးသမီး ယူ-၂၀ ခြေစစ်ပွဲ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ အသင်း(၈)သင်း ပေါ်ထွက်လာခဲ့ပြီး ဒုတိယအဆင့် ခြေစစ်ပွဲအတွက် မြန်မာအသင်းဟာ မဲအိုး(၂)မှာ ဗီယက်နမ်အသင်းနဲ့ ကျရောက်နေပါတယ်။

မဲအိုး(၄)ခုမှ လေးသင်းတအုပ်စုစီနဲ့ အုပ်စု(၂)ခု မဲနှိက်ခွဲဝေမှာဖြစ်ပြီး အုပ်စု(၂)ခုစီမှ ပထမနဲ့ ဒုတိယရတဲ့ အသင်း(၄)သင်းဟာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတိုနဲ့အတူ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဒုတိယအဆင့် ခြေစစ်ပွဲတွေကိုတော့ လာမယ့် ဇွန်လ(၃)ရက်နေ့မှ (၁၁)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။