ပန်းချီကျော်မင်းဝင်း၏ တစ်ကိုယ်တော်ပန်းချီပြပွဲတွင် ပန်းချီကား ၁၀၀ ခန့်ပြသ

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေ ခြင်္သေ့ကြီးနှစ်ကောင်အနီးရှိ မန္တလေးတောင်ပန်းချီပြခန်း၌ ပန်းချီဆရာကျော်မင်းဝင်း၏ Solo Art Exhibition Artist အမည်ရှိပန်းချီပြပွဲကို  မတ် ၁  ရက်  နံနက်ပိုင်းတွင် ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

 Solo Art Exhibition Artist လို့အမည်ပေးထားပါတယ်။ ပထမဆုံးအကြိမ် တစ်ကိုယ်တော်  ပြသတာဖြစ်ပါတယ်။

ရေဆေးပန်းချီကားဆိုဒ်သုံးမျိုးပါ ပန်းချီကား ၉၉ ကားပြသထားပါတယ်။ လာကြည့်တဲ့လူတွေအနေနဲ့  ကျောင်းသားဘဝသတိရစရာလေးတွေရနိုင်မယ်ထင်ပါတယ်ဟု ပန်းချီဆရာကျော်မင်းဝင်းက ပြောသည်။

အဆိုပါ ပန်းချီပြပွဲတွင် ရေဆေးအမျိုးအစား  ပန်းချီကား ၉၉ ကား ပြသထားပြီး  ပန်းချီကားတစ်ကားလျှင်  ငွေကျပ် ခုနစ်သောင်းမှ    သုံးသိန်းသတ်မှတ်ထားပါတယ်။

ပန်းချီဆရာကျော်မင်းဝင်း၏ Solo Art Exhibition Artist တွင် မြန်မာမှုရုပ်စုံပန်းချီ၊ ရောင်စုံစက္ကူပန်းပုံပန်းချီများ ပြသထားပြီး  လာရောက်ကြည့်ရှုသူများပြားလျက်ရှိသည်။အဆိုပါ ပန်းချီပြပွဲကို မတ် ၁ ရက်မှ ၅ ရက်ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ   လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရပါတယ်။