ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ၃ ဆင့် မြင့်ပြီး ၁၅၈ မှာ ရပ်တည်နေတဲ့ မြန်မာအသင်း

ဖီဖာရဲ့ ၂၀၂၃ အောက်တိုဘာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ မြန်မာလက်ရွေးစင်အသင်းက ၃ ဆင့်မြင့်တက်ခဲ့ပါတယ်။ မြန်မာအသင်းဟာ လက်ရှိမှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၅၈ မှာ ရပ်တည်နေပါတယ်။

အာဆီယံဒေသတွင်းအသင်းတွေထဲမှာ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့မြန်မာတို့က အဆင့်တက်ခဲ့ပါတယ်။ ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် ၉၄၊ ထိုင်းအသင်းက ၁၂၂ ပါ။