ဖားကန့်ရှိ ရွှေဆိုင်တစ်ဆိုင် တန်ဖိုးငွေကျပ် သိန်း ၂၀၀၀ကျော် ဓါးပြတိုက်ခံရ

ဒီဇင်ဘာ ၂၀ရက် နံနက်ပိုင်း ၁၀နာရီခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းက စင်ကြယ်ရွှေဆိုင် ဓါးပြတိုက်ခံ
ရကာ တန်ဖိုးငွေကျပ်သိန်း ၂၀၀၀ကျော် ပါသွားတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်များထံက သိရပါတယ်။
ဖားကန့်မြို့နယ်၊ ငှက်ပျောတောရွာရှိ စင်ကြယ်ရွှေဆိုင်ကို အမျိုးသားနှစ်ဦးက သေနတ်ကိုယ်စီကိုင်ဆောင်ကာ ဓါးပြ
တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
စင်ကြယ်ရွှေဆိုင်ရှိ ရွှေလက်စွပ်ကွင်း စုစုပေါင်း ၁၅၀ခန့်ပါသွားခဲ့ပြီး ကာလတန်ကြေးအနေနဲ့ ကျပ်သိန်း ၂၀၀၀ကျော်
ခန့်ရှိတယ်လို့ ဒေသတွင်းသတင်းဌာနဖြစ်တဲ့ မလိခအသံသတင်းဌာနက ဖော်ပြထားပါတယ်။
(ပုံစာ – MyanmaPlatform, Photo crd – မလိခအသံသတင်းဌာန)