ကြက်ပေါင်းမြူစွမ် ရှူးရှဲချဉ်ငန်စပ် လုပ်နည်း

ကြက်ပေါင်းမြူစွမ် ရှူးရှဲချဉ်ငန်စပ် လုပ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်..
ပါဝင်ပစ္စည်းများ
၁။ ကြက်ပေါင် ၃ တုံး
၂။ မြူစွမ် ၂ ခွေ
၃။ သံပုရာသီး တစ်ခြမ်း
၄။ ကြက်သွန်ဖြူ ၄ မွှာ
၅။ ပဲငံပြာရည်အကြည် ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၆။ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ဂျင်း လက်တစ်ဆစ်
၈။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၉။ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ
၁။ ငရုတ်သီး အနည်းငယ်
၂။ ကြက်သွန်ဖြူ ၄ မွှာ
၃။ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
၄။ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
၅။ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ ရှာလကာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
၇။ ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း
၈။ သံပုရာသီး ၁ လုံး
၉။ ပဲပင်ပေါက် အနည်းငယ်
ပြင်ဆင်နည်း အဆင့်ဆင့်
၁။ အရင်ဆုံး ကြက်ပေါင်ကို ရေပြောင်အောင်ဆေးထားပါ။ ကြက်သားမှုန့်နဲ့ ပဲငံပြာရည် အကြည်၊ ကြက်သွန်ဖြူ၊
ဂျင်း၊ နနွင်းမှုန့် သံပုရာသီး အနည်းငယ် ထည့်ကာ သမအောင်နယ်ပြီး ရေကို (၂ရည်) ထည့်ပြီး နူးအိနေအောင်
ပြုတ်ထားပေးပါ။
၂။ ငရုတ်သီးစိမ်းတွေကို အရင်ကိုက်ထားပါ။ ပြီးရင် မကျေမညက်လေး ထောင်းထားပေးပါ။ ကြက်သွန်ဖြူကိုလည်း
မကျေမညက်လေးထောင်းထားပါ။
၃။ သံပုရာသီး ၁ လုံးကို အကွင်းကွင်း ပါးပါးလေးတွေ လှီးထားပါ။
ငရုတ်အချဉ်ရည် ပြုလုပ်နည်း အဆင့်ဆင့်
၁။ ငရုတ်သီး အချဉ်ရည်စပြီးဖျော်ပါ့မယ်။ ထောင်းထားတဲ့ ငရုတ်သီးတွေကို ထည့်ပါ။ ရှာလကာရည် နှင့် ငံပြာရည်
ထည့်ပါ။ ကြက်သားမှုန့်၊ ဆား၊ သကြားတို့ကို လိုသလောက်ထည့်ပါ။ သံပုရာသီး အရည် ညှစ်ထည့်ပါ။
၂။ ပြီးရင် ကြက်သွန်ဖြူ ထောင်းထားတာတွေ ထည့်ပါ။ ရေနွေးပာင်းခတ်ဇွန်း ၁ ဇွန်းထည့်ပါ။ ပဲပင်ပေါက်တွေ
ထည့်ပြီး သမအောင် မွှေထားပါ။
၃။ ငရုတ်သီး အချဉ်ရည် ရပါပြီ။
ကြက်ပေါင်းမြူစွမ် ချဉ်ငံစပ် ပြုလုပ်နည်းအဆင့်ဆင့်
၁။ မြူစွမ် ၂ ခွေကို ပြုတ်ထားပါ။ (၂ မိနစ်ခန့်) အကြာကြီး ပြုတ်ပါက ပျော့စိသွားတတ်သည်။
၂။ ကြက်သားပြုတ်ထားတဲ့ဘေးမှာ မြူစွမ်တွေကို ထည့်ပါ။
၃။ ပြီးရင် ခုနက ဖျော်ထားတဲ့ အချဉ်ရည်တွေကို လောင်းထည့်ပါ။ (တစ်နေရာထဲကို မထည့်ဘဲ ဇွန်းလေးနဲ့ နေရာ
အနှံ့ သေချာလေး ထည့်ပေးပါ)
၄။ လှီးထားသော သံပုရာသီးပါးပါးလေးတွေကို အပေါ်ကနေ တင်ပါ။
၅။ အရသာရှိတဲ့ ကြက်ပေါင်းမြူစွမ် ရှူးရှဲချဉ်ငံစပ်လေး ရပါပြီ။

(Video ပိုင်ရှင်ကို Credit ပေးပါတယ်။)