ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး အားလက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီး စိုးဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstumpအား နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမမှာ တွေ့ဆုံပါတယ်။

မြန်မာ – ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုးတိုးမြှင့်ရေး၊ နှစ်နိုင်ငံအစိုးရများနှင့် တပ်မတော်များ အကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်နိုင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှု နှင့် တရားမဝင်အလုပ်သမားတိုက်ဖျက်ရေး၊ ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု နှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်မှု ဖွံဖြိုးတိုး တက်ရေးနှင့် အာဆီယံရေးရာ ကိစ္စရပ်များကို  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီဒုတိယဉက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊  အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ ပထမအတွင်းဝန် Ms. Suchanaree Taranatham လည်းတက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။