ပုဇွန်တောင် CB ဘဏ်ကိုလုယက်သည့် လူငယ်နှစ်ဦးကိုဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ (၇) ရပ်ကွက်၊ အထက်
ပုဇွန်တောင်လမ်း၊ CB ဘဏ်ကို ၂၀၂၃ မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀
မိနစ်နာရီအချိန်က ဝင်ရောက်လုယက်သူလူငယ်နှစ်ဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်းသိရသည်။

ဘဏ်အတွင်းသို့ လူငယ်နှစ်ဦးဝင်လာပြီး ပစ္စတိုသေနတ်နှင့်ဓါးမြှောင်ပြ ခြိမ်းခြောက်ကာဘဏ်ကောင်တာစားပွဲပေါ်တင် ထားသောကျပ်သိန်း ၆၅၀ ကိုလုယူပြီး ထွက်ပြေးရန်ပြင်ဆင်စဥ် လုံခြုံရေးအဖွဲ့ရောက်ရှိလာပြီး ဖမ်းဆီးခဲ့ရာ လုယက်သူ
သူထူးအောင် (၁၅ နှစ်)နှင့် သန့်စင်အောင်(၁၄ နှစ်) (ပုဇွန်တောင်မြို့နယ်နေ) တို့အားပစ္စတိုသေနတ်အတုတစ်လက်၊ဓါးမြှောင်နှစ်ချောင်းတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။