နှစ်ပေါင်း ၃၀ ကြာ ရပ်နားထားတဲ့ မြန်မာ-ရုရှား တိုက်ရိုက်လေကြောင်းခရီးစဥ် ပြန်လည်ပြေးဆွဲတော့မည်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အကြာကာလဖြစ်တဲ့ ၁၉၉၃ ခုနှစ်ကတည်းက ရပ်နားထားတဲ့ မြန်မာ- ရုရှား တိုက်ရိုက်လေကြောင်းခရီးစဥ်ကို စက်တင်ဘာ ၅ ရက်နေ့မှာ ပြန်လည်စတင်ပြေးဆွဲတော့မယ်လို ရုရှားသတင်းဌာတစ်ခုဖြစ်တဲ့ TASS သတင်းဌာနရဲ့ ဖော်ပြထားမှုအရ သိရပါတယ်။

အဆိုပါ လေကြောင်းခရီးစဥ်ဟာ မန္တလေး- နိုဗောင်းဆီဘစ်- မန္တလေး ခရီးစဥ်ဖြစ်တယ်လို့ သိရပြီး မြန်မာနိုင်ငံတကာလေကြောင်းလိုင်းဖြစ်တဲ့ MAI ကို ပျံသန်းဖို ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ရုရှားနိုင်ငံ လေကြောင်းပျံသန်းရေးဖက်ဒရယ်အေဂျင်စီက သတင်းထုတ်ပြန်ထားကြောင်းလည်းသိရပါတယ်။

Crd