မော်လမြိုင်တက္ကသိုလ်ဝန်ထမ်းများ ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ခွင့် ပိတ်ပင်ခံရတဲ့ သတင်းအမှား

ကယားပြည်နယ်ရှိ လွိင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဖမ်းဆီး ခေါ်ဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့မှုကြောင့် မော်လမြိုင်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသည်လည်း စိုးရိမ်စိတ်များဖြင့် နီးစပ်ရာဆွေမျိုးနေအိမ်များနှင့် ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ကြသူများ များပြားလာခြင်းကြောင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် မှ နိုဝင်ဘာလ ၁၆ ရက်တွင် အရေးပေါ်အစည်းအဝေးပြုလုပ်၍ တက္ကသိုလ်ရှိ ဝန်ထမ်းများ အနေဖြင့် ကျောင်းအတွင်း ပြန်လည်နေထိုင်ကြရန်နှင့် ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ခွင့် များပိတ်ပင်ခဲ့ကြောင်း Social Medial များတွင် သတင်းတု၊ သတင်းအမှားများ ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။