ဒီဇင်ဘာ ၂၄ ရက်နေ့ တိုက်ပွဲသတင်းများ

(၁) ဒီဇင်ဘာလ ၂၄ ရက် နံနက် ၉ နာရီမှာ လွိုင်ကော်အကျဉ်းထောင်နှင့် ရွှေတောင်ဘုန်းကြီးအနီးသို့ KNPP/KNDF အကြမ်းဖက်သောင်းကျန်းသူများမှ လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။

(၂) မွန်ပြည်နယ်၊ချောင်းနှစ်ရွာ၏ အနောက်ဘက်မီတာ ၁၂၀၀ ခန့်အကွာတွင် နေရာ ၂ နေရာမှ KNLA တပ်မဟာ(၆)၊ရင်း(၁၇)နှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

(၃) ရခိုင်ပြည်နယ်၊ဆမီးမြို့၏ တောင်ဘက်မီတာ ၁၅၀၀ ခန့်အကွာမှာ AA သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

(၄) ချင်းပြည်နယ်၊မတူပီမြို့ အနောက်ဘက်မီတာ ၇၀၀၀ ခန့်အကွာမှာ အကြမ်းဖက်သောင်းကျန်းများနှင့် တပ်မတော်စစ်ကြောင်းများထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ဖြစ်စဉ်အတွင်း အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၁ လောင်း၊ အေကေ ၄၇ ၁ လက် ၊လက််လုပ်သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၂ ခု၊ ကျည်မျိုးစုံ ၆၀ တောင့်၊သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။