မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌺 ၀ိတ်ထိန်း သလို စိတ်ထိန်းပါ🌺

အစားကြူးရင် အသက်တိုသလို
စိတ်ဆင်းရဲမှုများရင်လည်း
ကိုယ့်အသက်ဟာ တိုနိုင်ပါတယ် ။

ခန္ဓာကိုယ်ကို ထောက်ပံ့တဲ့
အာဟာရကလည်း မျှတမယ်
စိတ်လည်းချမ်းသာမယ်ဆိုတော့

ရုပ်ရည် ကြည်လင်လာပြီး
အသက်တမ်းပြည့်စွာ နေရပါတယ် ။

စိတ်ပျိုမှ ကိုယ်နုနိုင်တာဖြစ်လို့
ချမ်းသာမှုရအောင် စိတ်ကိုထားပါ ။

စားချင်တာတွေ စားပြီးတော့မှ
ကိုယ့်ဝိတ် ကို ထိန်းမယ့်အစား
မျှတအောင်စားပြီးကိုယ့်စိတ်ကိုထိန်းပါ ။

ဇရာကိုတွန်းလှန်နေမယ့်အစား
အိုလာတဲ့ အမှန်တရားကို
အသိနဲ့လက်ခံနိုင်အောင်ကြိုးစားပါ ။

အသက်ကြီးလာလေလေ
တရားအသိတွေ ကြီးကြရမှာဖြစ်လို့
အသေမြတ်ဖို့အတွက် ပြင်ဆင်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏