လွိုင်ကော်တိုက်ပွဲသတင်း

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အကျဉ်းထောင်နေရာအား မနက် ၇ နာရီခန့်က KNPP/KNDF အင်အား ၃၅၀ ဦးခန့်သည် လက်နက်ကြီး/ငယ်များ၊ Drop Bomb များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့။ မိမိဘက် မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများနှင့် စစ်ကူတပ်များ အချိန်မီရောက်ရှိလာတဲ့အတွက် KNPP/KNDF အဖွဲများ အလောင်းများဆွဲ၍ ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။

ကြားဖြတ်သတင်းများအရ လွိုင်ကော်ထောင်ကို လာရောက်တိုက်ခိုက်သော KNPP/KNDF အဖွဲမှ ဗျူဟာမှူးအဆင့်ရှိ သိန်းအောင် အပါအဝင် ၈၄ ဦး သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရရှိကြောင်း သိရှိရပါသည်။

ကျဆုံးအလောင်းများကိုလည်း အလောင်းကောက်အဖွဲ့ မှ ကားများဖြင့်ပြန်လည်သယ်ဆောင်သွားပြီး ပတ်ဝန်းကျင်ရွာများမှာ ကျင်းကြီးများတူး၍ သင်္ဂြိုဟ်လိုက်ကြကြောင်း သိရှိရပါသည်။