ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်တွေ ထပ်မံရောင်းချပေးမည်

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၁၀ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ကို လာမည့် မတ်လ (၄) ရက်နေ့တွင် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် တစ်လခွဲအတွင်း နိုင်ငံခြားငွေကြေးဈေးကွက်သို့ စုစုပေါင်း ဒေါ်လာ ၁၃၁ ဒသမ ၃၁ သန်း နှင့် ထိုင်းဘတ်သန်း ၉၀၀ ကို ရောင်းချပေးထားပြီးဖြစ်ကြောင်းလည်းသိရပါတယ်။ #Crd