တရုတ်နိုင်ငံက တပ်မတော်အရာရှိများအတွက် လူမှုဆက်ဆံရေး စည်းမျဉ်းသတ်မှတ်ချက်များ ထုတ်ပြန်

တရုတ်ဗဟိုစစ်ကော်မရှင် (CMC) သည် လူမှုကွန်ရက်များအပေါ်တွင်ပြုမူသည့် အပြုအမူများအပါအဝင် စစ်ဘက်အရာရှိများ၏ လူမှုဆက်ဆံရေးအတွက် ကျင့်ဝတ် စည်းကမ်းတစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံ၏အရေးပါသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ အချက်အလက်များကို ကာကွယ်ရန်အတွက် ကျင့်ဝတ်စည်းကမ်းက စစ်မှုထမ်းများ၏ စည်းကမ်းပိုင်းကို မြှင့်တင်ပေးပြီး ၎င်းတို့၏ ယုံကြည်စိတ်ချရမှု အားကောင်းခြင်းကို ပေါ်လွင်စေ သည်ဟု တရုတ်ကျွမ်းကျင်သူများက ယုံကြည်လျက်ရှိကြောင်း၊ CMC ၏ ခွင့်ပြုချက်ဖြင့်နိုင်ငံရေးလုပ်ငန်းဌာနနှင့် CMC ၏ စည်းကမ်းစစ်ဆေးရေးကော်မရှင်သည် မကြာသေးမီက စစ်ဘက်အရာရှိများ၏ အချင်းချင်းသတင်းဖလှယ်မှုဆိုင်ရာ ကျင့်ဝတ် စည်းကမ်းကို တရုတ်တပ်မတော်၏ 81.cn ဝက်ဘ်ဆိုက်၌ ဇွန်လ ၁၈ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

ပါတီနှင့် တပ်မတော်အား ကျယ်ကျယ်ပြန့်ပြန့်စီမံအုပ်ချုပ်ရန် လိုအပ်ချက် များကို အကောင်အထည်ဖော်ရန်နှင့် တပ်မတော်အရာရှိများ၏ ပညာရေးနှင့် စီမံခန့်ခွဲမှု အားကောင်းလာစေရေး အလေးထားဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ ကျင့်ဝတ်သတ်မှတ်ချက်တွင် တပ်မတော်အရာရှိများ၏ လူမှုရေးအပြုအမူဆိုင်ရာ ကဏ္ဍပေါင်းစုံနှင့်ပတ်သက်၍ တိကျသောစည်းမျဉ်းစည်းကမ်းများကို ကျင့်ဝတ်စည်းကမ်း နှင့်အညီ ရှင်းလင်းဖော်ပြထားကြောင်း သိရှိရပါသည်။

ကဏ္ဍများတွင် ဒေသဆိုင်ရာပါတီ၊ အစိုးရအဖွဲ့အစည်းများနှင့် ၎င်းတို့၏ အမှုထမ်းများနှင့် လူမှုဆက်သွယ်မှုများပါဝင်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ၊ သို့မဟုတ် အစိုးရအဖွဲ့အစည်းများနှင့် ၎င်းတို့၏ သက်ဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ မီဒီယာ၊ သီအိုရီဆိုင်ရာသုတေသနနှင့် ပညာရပ်ဆိုင်ရာ ဖလှယ်ရေး အဖွဲ့အစည်းများနှင့် ၎င်းတို့၏ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူနည်းစုများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ဘာသာရေးယုံကြည်သူများ၊ ပြည်ပအဖွဲ့အစည်းများနှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ တပ်မတော်အရာရှိများ၏ မိတ်ဆွေများနှင့် ဆွေမျိုးများ၊ လူမှုကွန်ရက် များပေါ်တွင် လူမှုဆက်ဆံရေးကိစ္စရပ်များပါဝင်ကြောင်း သိရှိရပါသည်။

သတ်မှတ်ခဲ့သည့် ကျင့်ဝတ်များသည် အဆင့်တိုင်းရှိ တပ်မတော်၏ ပါတီ ကော်မတီများအနေဖြင့် တပ်မတော်အရာရှိများအကြား လူမှုဆက်ဆံရေးဆိုင်ရာ စီမံခန့်ခွဲမှုကို အားကောင်းစေပြီး ၎င်းတို့၏ အဓိကတာဝန်များကို ကျေပွန်သင့်သည်ဟု အလေးပေးဖော်ပြခဲ့​ကြောင်း၊ နိုင်ငံရေးဆိုင်ရာ လုပ်ငန်းဌာနများနှင့် စည်းကမ်း စစ်ဆေးရေးနှင့် ကြီးကြပ်ရေးအဖွဲ့အစည်းများသည် ၎င်းတို့၏ ကြီးကြပ်မှုတာဝန် များကို ထမ်းဆောင်ရန်နှင့် စည်းကမ်းနှင့် ဥပဒေချိုးဖောက်မှုများကို ဆောလျင်စွာ ရှာဖွေဖော်ထုတ်၍ ပြုပြင်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။

သတ်မှတ်ထားသည့် စည်းမျဉ်းအရ အဆင့်တိုင်းရှိ ပါတီကော်မတီများသည် တာဝန်ပျက်ကွက်မှုအတွက် ပါတီအဖွဲ့အစည်းများနှင့် ခေါင်းဆောင်များအား တာဝန်ခံပြီး ၎င်းတို့၏ ကိုယ်တိုင်ထိန်းချုပ်မှုကို ခိုင်ခံ့စေရန်၊ လူမှုအသိုင်းအဝိုင်း များကို အဆက်မပြတ်သန့်စင်ရန်နှင့် အခြေခံအချက်များ၊ မူဘောင်သတ်မှတ်ချက် များနှင့် စည်းမျဉ်းများရှိသည့် ဖလှယ်မှုများကို အမြဲလိုက်နာသင့်ကြောင်း၊ တင်းကျပ်သော လျှို့ဝှက်မှုနှင့် အဆင့်မြင့်စီမံခန့်ခွဲမှုများသည် တိုက်ခိုက်ရေးထိရောက်မှုကို အထောက်အကူဖြစ်စေသည်ဟု တရုတ်စစ်ရေးကျွမ်းကျင်သူ ဆွန်ဇူပင်းက ဇွန်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း၊ အဆိုပါသတ်မှတ်ချက်များသည် တပ်မတော် သားများ၏ အဖွဲ့အစည်းနှင့် စည်းကမ်းပိုင်းကို မြှင့်တင်ရန်နှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်များနှင့် လျှို့ဝှက်ကိစ္စများကို ပြောဆိုခြင်းမပြုဘဲ ၎င်းတို့၏ လျှို့ဝှက်မှု အသိကိုမြှင့်တင်ရန်၊ နိုင်ငံတော်လုံခြုံရေးကို သတိပြုရန်နှင့် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေသည့် မည်သည့်အရာကိုမျှ လုပ်ဆောင်မှုမရှိခြင်းအပေါ် အာရုံစိုက် ထားကြောင်း ၎င်းက ထောက်ပြခဲ့ပါသည်။