စစ်သားသမီး ဘဝ

အမှတ်တရ……(၁)
==========
အသက်နဲ့ရင်း……ရှာကျွေးနေတဲ့….အဖေကြီးရဲ့……
ကိုယ်ပိုင်အမှတ်…..(..:…)ကို ငယ်ငယ်ကတည်းက……..
အလွတ်ကျက်ထားရတယ်…
ဘာလို့ဆို….ရိက္ခာထုတ်ပေးနေတယ်ဟေ့ဆို…
လက်ဆွဲခြင်းထဲ….
ဆန်အိတ်၊ ဆီးဗူးခွံလေးရယ်၊ ကြွပ်ကြွပ်အိတ်အလွတ် ၄/၅
ခုလောက်ထည့်ပြီး…..
သူငယ်ချင်းတေနဲ့…ရိက္ခာစတိုမှာ…. တန်းသွားစီထားရပီ…..
ကိုယ့်အလှည့်ရောက်ပြီဆို……အရင်ဆုံး..
.အဖေ့ရဲ့ကိုယ်ပိုင်အမှတ်ကို…..ဒေါက်ဒေါက်နဲ့..ရွတ်ပြပလိုက်တာ…..
(ထုတ်ပေးတဲ့ဆရာကြီးက….သဘောတေကျလို့….အဲ့လိုမှပေါ့ကွ..ဆိုပြီး)….
ပြီးရင်…..ဆွဲခြင်းထဲက….အိတ်တေဗူးတေထုတ်ပီး……
ထုတ်ပေးတဲ့….အမယ်တေကို….ထည့်…..
ခေါင်းပေါ်ရွက်ပြန်လာတာ…..
(လမ်းမှာ အထုပ်ချပီး…..ဖန်ခုန်တမ်း ဝင်ကစားသေးတာ…… ?? )
စစ်သားသမီးဘဝ(၂)
===========
မိုးလင်းစပြုပြီဆိုတာနဲ့…..အမေရဲ့….ဆန်ရေဆေးနေတဲ့အသံကိုအရင်ဆုံး….
ကြားရပီ
လာပါပီ…..ဟေ့…ကလေးတေ…မထကြသေးဘူးလား……၅နာရီခွဲနေပီ…..
(မနက်ခင်းတေးသံသာချိုချိုလေး)
ဟုတ်….ထနေပြီမေရေ့….. အိပ်ယာသိမ်းနေလို့…….
အကုန်ပြင်ဆင်ပြီးရင်…..
အဝါရောင်သန်းနေတဲ့…..ဆနွင်းထမင်းကြေယ်….ဆီနဲနဲနဲ့လှိမ့်ထား
တာလေးရယ်…
.ရိက္ခာကရတဲ့…အချိုခြောက်လေးကို.
.လဘက်ရည်လေးဖျော်ထားတာရယ်နဲ့…
မနက်….လွေးပြီးရင်……လွယ်အိတ်ထဲ…အစုံအလင်ပါမပါစစ်…..
.ပြီးရင် ဘုရားခန်းဝင် ဉီးချရှိခိုးပြီး……ပြန်ထွက်လာရင်….
စားပွဲခုံပေါ်မှာ….ထမင်းချိုင့်ကအဆင်သင့်…..
အမေရေ့သွားပြီနော်……
ဟဲ့…..နဲနဲစောသေးတယ်…..
ကားနေရာဦးရအုံးမှာ….မေ…ရ..
(အေးအေး)……အင်္ကျီအဖြူမပေလာစေနဲ့…..(ဟုတ်……. )
ကျောင်းသွားတဲ့စတိုင်ကတော့……
တပ်တွင်းဆံသက…ဆရာကြီးညှပ်ပေးတဲ့….ဘိုကေနဲ့…..
.ပဲကြီးကျသလို…..အမေ..လိမ်းပေးလိုက်သနပ်ခါးမှာ
ခေါင်းက….အုန်းဆီတေက…နထင်ကနေ….အရွဲသားစီးဆင်းကျနေရဲ့…..
ဘေးလွယ်အိတ်ကိုကျောပိုးအိတ်လို….လုပ်လွယ်ပီး……ကဆုန်ပေါက်….
ပြေးလာတာ….
(ကားနေရာဦးဖို့….)
ဟော…..တွေ့ပီ….တို့ကျောင်းကား….
တပ်မတော်….(ဖောကား…)ကိုသံလှေကားချိတ်ပေးထားတယ်……
ကားပေါ်ရောက်ရင်……ကိုယ်နဲ့တည့်တဲ့သူငယ်ချင်းတေအတွက်……
နေရာဦးထားပေးရအူးမယ်…..
ဘေးလွယ်အိတ်ကိုခုံပေါ်ရှည်လိုက်ဆန့်ခင်းတာရယ်…
..နောက်…..ပြောင်းဖူးဖိနပ်…(ဆင်ကြယ်)ကိုခင်းထားသေးတာ
#SuYeeဖောကားကြီးစီးကာကျောင်းသွားစို့နော်တူပျော်ပျော်……
#SuYee