အရက်

အရက်သောက်ခြင်းကြောင့် ပျက်စီးစေသော ကိုယ်တွင်း
အင်္ဂါအစိတ်အပိုင်းမှာ အသည်းဖြစ်ပါတယ်။
အသည်းသည် ခံနိုင်ရည်ရှိသော အစိတ်အပိုင်းတစ်ခု
ဖြစ်သော်လည်း ထိခိုက်ပျက်စီးပါက ပြန်လည်ကောင်းမွန်
နိုင်ခြင်းမရှိဘဲ နောက်ဆက်တွဲ ရောဂါအမျိုးမျိုးခံစားရကာ
သေဆုံးသည်အထိ ဖြစ်တတ်ပါတယ်။
အရက်မသောက်ခြင်းဟာ အကောင်းဆုံးဖြစ်ပေမဲ့
ဒီနေ့တော့ ကျန်းမာရေးဆိုးကျိုး အနည်းဆုံး ဖြစ်စေမဲ့
အရက်သောက်နည်းကို Share ပေးမှာပါ။
အရက်သောက်ခြင်းကြောင့် အစာအိမ်အနာဖြစ်ခြင်း၊
အစာအိမ်ပေါက်ခြင်း၊ အာဟာရချို့တဲ့ခြင်းတို့ကို ဖြစ်စေပါတယ်။
စျေးပေါပြီး များများမူးသော တောအရက်၊ ချက်အရက်များဟာ
ရာဘာဖိနပ် အဟာင်းများ၊ ဓာတ်မြေသြဇာ စသည်တို့ဖြင့်
ချက်လုပ်ကြသဖြင့် ကျန်းမာရေးအတွက် အလွန်အန္တရာယ်များပြီး
အချိန်တို အတွင်းမှာပင် အသည်းကျွတ်ရောဂါကို ဖြစ်ပွားစေပါတယ်။
အခုဒီစာကိုဖတ်နေသူ ၉၀ ရာခိုင်နှုန်းခန့်ဟာ အရက်သောက်
သူများ ဖြစ်မယ်လို့ ထင်ပါတယ်။ စာရေးသူလဲ အရက်သောက်
တတ်သူမို့ ကျန်းမာရေးအရ ထိခိုက်မှုနည်းစေမယ့် ဆောင်ရန်၊
ရှောင်ရန်တွေကို မျှဝေပေးချင်ပါတယ်။
နေ့တိုင်း အရက်မသောက်ပါနဲ့၊
သူငယ်ချင်းတွေ စုမိတဲ့အချိန်၊ ပျော်ပွဲရွှင်ပွဲတွေ၊ စိတ်ထွက်ပေါက်
အဖြစ် တခါတရံသာ သောက်သုံးသင့်ပါတယ်။
အရက်ပြင်းများ (ရမ်၊ ဝီစကီ ) တို့ သောက်တဲ့အခါ
ရေများများရော သောက်ပါ။ ဘီယာ သောက်လို့ရရင်
ဘီယာ သောက်သင့်ပါတယ်။ အရက်ပြင်းများကို ရေမရောဘဲ
သောက်ပြတာကို သူငယ်ချင်းတွေကြားမှာ ဂုဏ်ယူနေမယ်
ဆိုရင် လမ်းလွဲနေပါပြီ။
ဗိုက်ထဲမှာ အစာ လုံးဝမရှိဘဲ အရက်သောက်ခြင်းဟာ
အစာအိမ်ကို ထိခိုက်စေတာမို့ အစာအနည်းငယ် စားထားပါ။
အရက်ဝိုင်းမှာ အမြည်းများများစားပါ။ သူငယ်ချင်းတွေကိုလဲ
အမြည်းများများစားဖို့ တိုက်တွန်းပါ။
အရက်ဆိုင်၊ ဘား၊ ကလပ်တတ်ရင်း သောက်ချိန်များတွင်
အိမ်ပြန်ရင် စက်ဘီး၊ ဆိုင်ကယ်၊ ကား မောင်း ပြန်ရမှာမို့
ကိုယ်သောက်နိုင်တဲ့ Limit ရေချိန် လေးကို သတိပြုမိစေ
ချင်ပါတယ်။
သူငယ်ချင်းများအားလုံး သက်ရှည်ကျန်းမာစွာနေထိုင်
နိုင်ကြပါစေ။
#Dr အောင်မော်
# ကိုမောင်