စစ်ကိုင်း စံပြရွာမှာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ဩဂုတ်လ ၇ ရက် နေ့လည် ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ စံပြကျေးရွာအနီး အကြမ်းဖက် PDF ပဒက်များ ဝှက်ထားသော တောင်ယာတဲအား လုံခြုံရေးအဖွဲ့များရှင်းလင်းရာ HK-33 သေနတ် ၁ လက်၊ AK-47 သေနတ် ၁ လက်နှင့် ကျည်အိမ် ၁ ခု၊ လက်လုပ်သေနတ် ၃ လက်၊ M-22 သေနတ် ၂ လက်နှင့် ကျည်အိမ် ၂ ခု၊ ကျည်မျိုးစုံ ၃၂၆ တောင့်၊ MG-1လက်ပစ်ဗုံး ၁ လုံး၊Drop Bomb ဗုံးသီး ၉ လုံးပြောက်ကျားယူနီဖောင်း ၄ စုံ၊ ပြောက်ကျားအီကွေးမင့် ၅ စုံ၊ အိပ်ယာလိပ် ၂ ခု၊ ပြောက်ကျားပစ္စတိုအိတ် ၁ လုံး၊ ဟန်းကောချိုင့် ၂ လုံး၊ အနက်ရောင် ကျောပိုးအိတ် ၁ လုံး တို့အားသိမ်းဆည်း ရရှိခဲ့ပါတယ်။