နီပေါမှာ မိုးသည်းထန်လို့ ရေကြီး၊ မြေပြိုပြီး သေဆုံးသူ ၃၈ ဦးအထိ ရှိလာ

နီပေါနိုင်ငံမှာ အခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေ ရှိခဲ့တာကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး အဓိကအဝေးပြေးလမ်းတွေ ပိတ်ဆို့ခဲ့ကြောင်း တာဝန်ရှိသူတွေက ဩဂုတ် ၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

နှစ်စဉ် ဇွန်လမှ စက်တင်ဘာလအထိ မိုးသည်းထန်နေကျဖြစ်တဲ့ ဟိမဝန္တာဒေသမှာ အခုနှစ်မုတ်သုံရာသီအတွင်း ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် လူအများအပြားသေဆုံးပြီး ပျောက်ဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

(မြန်မာ့ပလက်ဖောင်း)