စခတ(၉)မှ တပ်သား ၉ ဦး လက်နက်နဲ့ ထွက်ပြေးတယ်လို့ Khit Thit ကရေးတဲ့သတင်းအမှား

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်၌ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အမှတ်(၉) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်သား ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးသွားကြောင်းသိရှိရပါတယ်။

အဆိုပါစစ်သား ၄ ဦး ရောက်ရှိနေတဲ့နေရာအား ဒေသခံများက သတင်ပေးပို့လာသဖြင့် တာဝန်ရှိသူများမှ လုံခြုံရေးအဖွဲ့ဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာတွင် ကြည်ဖြူစွာအဖမ်းခံခြင်းမရှိဘဲ စတင်ပစ်ခတ်တိုက်ခိုက်လာသဖြင့် ၎င်းတို့အား လုံခြုံရေးအဖွဲ့က အသေပစ်ခတ်ဖမ်းဆီးရခြင်းသာဖြစ်ကြောင်း တပ်တွင်းသတင်းများအရသိရှိရပါတယ်။

Khit Thit မှ တပ်မတော်အနေနဲ့ ထွက်ပြေးတဲ့စစ်သား ၄ ဦးအား အကြောင်းမဲ့ပစ်ခတ်တဲ့ပုံစံဖြင့် အများပြည်သူများနှင့် အဖွဲ့အစည်းများတွင် အထင်အမြင်မှားအောင် ဖြစ်စဉ်အမှန်မရေးဘဲ အပုတ်ချကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

#စခတ(၉)#khitthit သတင်းမှား#