နာမည်နဲ့ လူနဲ့ ထပ်တူကျခဲ့တဲ့ “မျိုးချစ်ဇာနည်”

ကျောက်တော်မြို့၊ ကံစောက်ရွာနားက နယ်မြေခံ တပ်(၂)တပ် ရန်သူ့ထံကျရောက်ခဲ့တဲ့ကိစ္စနဲ့ပက်သက်ပြီး အမျိုးမျိုးအဖုံဖုံပြောနေကြတယ်.. ခင်ဗျားတို့ မြေပြင်မှာမိမိအသက်ကိုစတေးပြီး၊ မိမိအသက်အသေခံပြီး တိုက်ပွဲဝင်နေတဲ့ အရာရှိစစ်သည်တွေကို မချီးကျူးရင်နေပါ၊ မစော်ကားကျပါနဲ့၊ သွေးမခွဲကျပါနဲ့
ရန်သူဟာ အဆိုပါတပ် (၂)တပ်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီ ကစပြီး
နေရာပေါင်းစုံကနေ သာလွန်အင်အားတွေနဲ့ အတင်းဝင်လုံးတိုက်ခိုက်ခဲ့တယ်
အရာရှိ၊ စစ်သည်၊ ရဲမေတွေဟာ (၁၆)နေ့ထိ (၄)ရက်တိုင်တိုင် အပြင်းအထန်ခုခံတိုက်ခိုက်ချေမှုန်းခဲ့တယ်
တစ်ဖက်ကနေလည်း လက်နက်ကြီးပစ်ကူတွေ၊ လေကြောင်းပစ်ကူတွေနဲ့ အချိန်တိုင်းလိုလို ပစ်ကူပေးချေမှုန်းခဲ့တယ်
ရန်သူအင်အားကတော်တော်လေးကို များပါတယ်
လက်နက်ခဲယမ်းပြတ်မှာဆိုးလို့
နှစ်ဖက်တိုက်ခိုက်မှုတွေရှိနေတဲ့ကြား ရဟတ်ယာဉ်ဆင်းပြီး
ရိက္ခာ/ခဲယမ်းတွေ ချပေးခဲ့ရတဲ့အထိပါပဲ
(၁၆)ရက်နေ့ ရန်သူတပ်တွေ အမြောက်တပ်ထဲ ဝင်ရောက်လာတဲ့အချိန် ၅၃၉ တပ်နား စုပြီးခံချနေတဲ့အချိန်မှာ
“ရန်သူဆီတော့ လက်နက်ချအဖမ်းမခံဘူး အတင်းထိုးဖောက်ပြီး ခွာစစ်ဆင်မယ်”ဆိုတဲ့
၅၃၉ တပ်ရင်းမှူး ဒုမှူးကြီး “မျိုးချစ်ဇာနည်”ဦးဆောင်တဲ့အဖွဲ့နဲ့
“အသေခံပြီးတော့ မဆုတ်ဘူး၊ ရန်သူ့ဆီလက်နက်ချအဖမ်းခံမယ်”ဆိုတဲ့ အမြောက်တပ် တပ်ရင်းမှူးနဲ့ ၅၃၉ ဒုတပ်ရင်းမှူးတို့ ဦးဆောင်တဲ့အဖွဲ့ (၂)ဖွဲ့ကွဲသွားတယ်
ဒီလိုဖြစ်နေတဲ့အချိန်မှာပဲ
၅၃၉ တပ်ရင်းမှူး ဒုမှူးကြီး “မျိုးချစ်ဇာနည်”ဦးဆောင်တဲ့ အရာရှိ/စစ်သည်/ရဲမေအဖွဲ့ အထက်ဌာနကို “ကျနော်တို့တော့ ရန်သူ့ဆီအဖမ်းမခံနိုင်ဘူး၊ သေသေ/ရှင်ရှင် ရအောင်ထိုးဖောက်ထွက်မယ်၊ တပ်မတော်သိက္ခာတော့ အကျမခံနိုင်ဘူးလို့” နောက်ဆုံးအနေနဲ့ ဆက်သွယ်ပြောဆိုပြီး ခွာစစ်ဆင်သွားတာ
ဒုမှူးကြီး “မျိုးချစ်ဇာနည်”ဆိုတာ ဘယ်သူလည်းရော သိကြလား
ဩဇီကို ထွက်ပြေးသွားတဲ့ ဒေါက်တာ မြဝတ်ရည်ရဲ့အကို
မောင်နှမချင်းတူတာတောင် သူ့ရဲ့ ရပ်တည်ချက်က ဘာဆိုတာကို
ခင်ဗျားတို့တွေ့မြင်ရမှာပါ
နိုင်ငံနဲ့လူမျိုးအတွက်၊ တပ်မတော်သိက္ခာအတွက် မိမိအသက်တွေကို စတေးခံပြီး ကာကွယ်စောင့်ရှောက်နေသူတွေကို မကူညီရင်နေပါ၊ မချီးကျူးရင်နေပါ၊ မစော်ကားကျပါနဲ့၊ တပ်တွင်းပြိုကွဲမှုဖြစ်လာအောင် စနစ်တကျနဲ့ သွေးခွဲနေတာတွေကို ရှောင်နိုင်အောင် ရှောင်ကျပါ။
အခုချိန်မှာ တပ်တွင်းပြိုကွဲမှုဖြစ်လာအောင်
အရာရှိ/စစ်သည်/ရဲမေတွေကြား သွေးခွဲနေတာတွေ
အထက်နဲ့အောက်ကြား သွေးခွဲနေတာတွေကို
မတားဆီးတဲ့အပြင် မီးလောင်ရာလေပင့်တာတွေမလုပ်ကျဖို့
တိုက်တွန်းအပ်ပါတယ်…

MinChitOo